Saturday, July 11, 2020

ဘိုလီးဗီးယားယာယီသမ္မတ ဂျင်းနီးအနက်ဇ် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

လက်ရှိ ဘိုလီးဗီးယားယာယီသမ္မတ ဂျင်းနီးအနက်ဇ်သည် ကမ္ဘာ့တစ်ဝှမ်း ကူးစက်မှုပျံနှံ့နေသော COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရသည်။
အဆိုပါ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသဖြင့် ယာယီသမ္မတ ဂျင်းနီးအနက်ဇ်သည် ၁၄ ရက်သီးခြားခွဲ၍နေထိုင်နေကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ဘိုလီးဗီးယားယာယီသမ္မတ ဂျင်းနီးအနက်ဇ်က ၎င်းအနေဖြင့် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်းကို ဇူလိုင် ၉ ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်သည်။
Crd : Eleven

0 comments:

Post a Comment