Friday, July 17, 2020

သာသနာရေးမှ တရားစွဲဆိုထားသော မြစ်ကြီးနားမှ Covid- 19 ပညာပေး ပန်ချီရေးဆွဲသော လူငယ် ၃ဦးအား မြို့နယ်တရားရုံးမှ အပြစ်မရှိကြောင်း အပြီးသတ် စီရင်ချက်ချ

သာသနာရေးစီးဌာနမှ တရားစွဲဆိုထားသည့် မြစ်ကြီးနားမှ Covid- 19 ပညာပေး ပန်ချီရေးဆွဲသော လူငယ် ၃ဦး၏အမူကိုယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ မြစ်ကြီးနား မြို့နယ်တရားရုံးမှ အပြစ်မရှိကြောင်း အပြီးသတ် စီရင်ချက်ချလိုက်ပြီ ဖြစ်ကြောင်း သိရပါသည်။
အဆိုပါ ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ တွင် COVID-19 ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ အသိပညာပေးသည်ဟု ဆိုကာ ရဟန်း အသွင်ဖြင့် သေမင်း သဏ္ဍာန် ပန်းချီရေးဆွဲသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦး တို့အား ဧပြီ ၃ ရက်နေ့တွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည် ။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်များ၏ကိုးကွယ်ရာဖြစ် သော ဗုဒ္ဓသာသနာတော်အား တမင်ညှိုးနွမ်းအောင် ပြုလုပ်ရုံသာမက လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါအား ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးများက ဖြန့်ဝေနေသည့် သဘော သက်ရောက်ခြင်းကြောင့် ပြည်နယ်သာသနာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင် က အရေးယူပေးပါရန် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ ညနေ ၃ နာရီ ၂၀ မိနစ်တွင် တွဲဘက်တရားသူကြီး-၂ ဦးဂွန်ဆန်က ရာဇသတ် ကြီးအမှတ် ၃၄၁/၂၀၂၀ ဖြင့် အမှုဖွင့်အရေးယူထားခြင်းဖြစ်သည်။

0 comments:

Post a Comment