Wednesday, July 15, 2020

အမေရိကန်တွင် နှာခေါင်းစည်းများ ၄ ပတ်မှ ၈ ပတ်ကြာ ဝတ်ဆင်ပါက COVID-19 ကူးစက်မှုများကို ထိန်း ချုပ်နိုင်မည်ဟု ရောဂါထိန်းချုပ်ရေးဌာနပြော

အမေရိကန်နိုင်ငံသားအားလုံး နှာခေါင်းစည်းတပ်ပါက ၄ ပတ်မှ ၈ ပတ်အတွင်း COVID-19 ကူးစက်ခံရမှု မြင့်တက်နေခြင်းကို ထိန်းချုပ်နိုင်မည်ဟု အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန(CDC) ညွှန်ကြားရေးမှူး ရောဘတ်ရက်ဖီးက အင်္ဂါနေ့တွင်ပြောသည်။
American Medical Association ဂျာနယ်နှင့်အွန်လိုင်းမှတစ်ဆင့်တွေ့ဆုံမေးမြန်းရာတွင် ရက်ဖီးကဖြေကြား ခြင်းဖြစ်သည်။
“အခုချက်ချင်း လူတိုင်းနှာခေါင်းစည်းတပ်မယ်ဆိုရင် ၄ ပတ်ကနေ ၈ ပတ်အတွင်း ရောဂါကိုထိန်းချုပ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ရက်ဖီးကပြောသည်။
နှာခေါင်းစည်းဝတ်ဆင်ခြင်းသည် ပြည်သူ့ကျန်းမာရေးကိစ္စဖြစ်သော်လည်း နိုင်ငံရေးဆန်လာသည်ကိုမြင်ရသဖြင့် စိတ်မကောင်းကြောင်းလည်း ညွှန်ကြားရေးမှူးကပြောသည်။
အင်္ဂါနေ့က CDC ထုတ်ပြန်ချက်အရ ဧပြီလတွင် အစိုးရက နှာခေါင်းစည်းတပ်ဆင်ရန် ထောက်ခံခဲ့ပြီးနောက် အမေရိကန်နိုင်ငံသားအများစု အဝတ်နှာခေါင်းစည်းတပ်ဆင်ထားကြောင်းပါဝင်သည်။
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတွင်ကိုရိုနာဗိုင်းရပ်စ်အများဆုံးကူးစက်ခံရသည့်နိုင်ငံဖြစ်ပြီး ကူးစက်ခံထား ရသူ ၃.၃ သန်းကျော်နှင့် သေဆုံးသူ ၁.၃ သိန်းကျော်ရှိနေသည်။
Ref ; People Media

0 comments:

Post a Comment