Saturday, July 11, 2020

COVID-19 ကာလအတွင်း ကျင်းပနေသော စင်ကာပူနိုင်ငံ၏ ရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

စင်ကာပူနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပလျက်ရှိရာ ပြည်သူများက မဲရုံများသို့ သွားရောက် ကာ ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံ၏စီးပွားရေး ကျဆင်းလျက်ရှိသည့် အတွက် စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ပါတီများက မဲဆွယ်စည်းရုံးခဲ့ကြသည်။
ယနေ့ နံနက်ပိုင်းမှစပြီး မဲဆန္ဒရှင်ပြည်သူများက နိုင်ငံအတွင်းရှိ မဲရုံ ၁၁၀၀ သို့သွားကာ ဆန္ဒမဲများ ပေးခဲ့ကြသည်။ ငါးနှစ်တစ်ကြိမ် ကျင်းပသည့် ရွေးကောက်ပွဲတွင် ပါတီအမတ် လောင်းများက ကိုယ်စားလှယ်လောင်း ၉၃ နေရာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
သမ္မတ လီရှန်လွန်း ဦးဆောင်သော လက်ရှိအာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီသည် ၁၉၆၅ ခုနှစ် လွတ်လပ်ရေးရရှိခဲ့စဉ်ကစပြီး နိုင်ငံ၏ အချုပ်အခြာအာဏာကို ယနေ့အချိန် အထိ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။
ယခင်ရွေးကောက်ပွဲတွင် အဆိုပါပြည်သူ့လှုပ်ရှားမှုပါတီသည် ထောက်ခံမဲ ၆၉ ဒသမ ၉ ရရှိကာ အမတ်နေရာ ၉၀ ရာခိုင်နှုန်းကျော်ကို ရယူနိုင်ခဲ့သည်။
နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာ ရေးသည် ယခုရွေးကောက်ပွဲအတွက် အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ယခုနှစ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေသည် အနုတ် ခုနစ်ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ သည်။
လက်ရှိအချိန်အထိ စင်ကာပူနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၅၀၀၀ ဦးကျော်ရှိ ကြောင်း သိရသည်။
အာဏာရပြည်သူ့လှုပ်ရှားမှုပါတီက ဒေသအတွင်း အလုပ်အကိုင်တစ်သိန်းခန့် ဖန်တီးခြင်း အပါအဝင် နိုင်ငံ၏စီးပွားရေးပြန်လည်ဦးမော့ လာရေးအတွက် လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယခုရွေးကောက်ပွဲတွင် မဲဆွယ် စည်းရုံးခဲ့သည်။
အတိုက်အခံပါတီများကလည်း အလုပ်လက်မဲ့များအတွက် ငွေကြေးထောက်ပံ့မှုများပေးမည်ဖြစ်ပြီး အခွန်အခပေးချေမှုပမာဏကို လျှော့ချပစ်မည်ဟု မဲဆွယ်စည်းရုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံအတွင်းကူးစက်ပျံ့နှံ့ လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရာတွင် လက်ရှိ အာဏာရပါတီ အနေဖြင့် အားနည်းချက်များရှိသည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်မှုကာကွယ်ရန် ယခု ရွေးကောက်ပွဲတွင် မဲရုံ၂၀၀ ခန့် ထပ်မံတိုးမြှင့် စီစဉ်ခဲ့ကြောင်း သိရသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲ ပေးရာတွင် ဗိုင်းရပ်စ်ကာကွယ်ရေး စည်းမျဉ်းများကို လိုက်နာသည့်အနေဖြင့် လက်သန့်ဆေးရည်များ သုတ်လိမ်းခြင်းနှင့် လက်အိတ်များ၊ နှာခေါင်းစည်းများ ဝတ်ဆင်ကာ ဆန္ဒမဲများ ပေးလျက်ရှိသည်။
မဲရလဒ်များကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရ သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
Crd : The Mirror Daily

0 comments:

Post a Comment