Saturday, July 11, 2020

ယနေ့အတွက် (ပ)အသုတ်စစ်ဆေးမှုများအရ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄) ဦး ထပ်မံတွေ့ရှိခဲ့သော COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ည (၈:၀၀)နာရီ သတင်းထုတ်ပြန်ခြင်း

၁။ (၁၁-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၄၆၇)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၀၄) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၈၂) ခုနှင့်
- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၇၅) ခု၊
စုစုပေါင်း (၁,၀၂၈)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄) ဦးတွေ့ရှိရပါသည်။
၂။ (၁၁-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၃၀) ဦး ရှိပြီဖြစ်ပါသည်။
၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၄)ဦး (Case-271, 291, 296 နှင့် 299) ရှိသဖြင့် ယနေ့အထိရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၂၆၀) ဦးရှိပြီး ၎င်းတို့အနက် (၂၄၇) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
၅။ (၁၀-၇-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၁-၇-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၇) ဦး ရှိပါသည်။
Source : Ministry_of_Health_and_Sports #Myanmar_Online_News

0 comments:

Post a Comment