Sunday, July 26, 2020

COVID-19 ကြောင့် စည်းကမ်းချက်များ အပြင်းအထန်တင်းကြပ်ထားသည့်ကြားမှ မြောက်ကိုရီးယားနိုင်ငံတွင် သံသယလူနာ ပထမဆုံးစတင်တွေ့ရှိ

မြောက်ကိုရီးယားနိုင်ငံမှာ Covid-19 သံသယလူနာပထမဆုံးစတင်တွေ့ရှိရတယ်လို့ အစီရင်ခံစာထွက်ပေါ်လာခဲ့ပြီး အစိုးရသတင်းဌာန (KCNA)က အခုလ(၂၆)ရက် ဒေသစံတော်ချိန်မနက်ပိုင်းမှာ ထုတ်လွှင့်သွားခဲ့ပါတယ်။
သံသယလူနာတွေ့ရှိတဲ့ အစီရင်ခံစာထွက်ပေါ်လာခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အရေးပေါ်အစည်းအဝေးခေါ်ယူကျင်းပခဲ့တယ်လို့လည်း ဆိုပါတယ်။
တွေ့ရှိရတဲ့ သံသယလူနာဟာ တောင်ကိုရီးယားနိုင်ငံဘက်ကို လွန်ခဲ့တဲ့သုံးနှစ်က ထွက်ပြေးသွားခဲ့သူဖြစ်ပြီး Kaesong မြို့ကနေတစ်ဆင့်မြောက်ကိုရီးယားနိုင်ငံထဲကို ဇူလိုင်(၁၉)ရက်နေ့က တရားမဝင်ပြန်လည်ဝင်ရောက်လာခဲ့သူဖြစ်ကြောင်း၊သူ့ကို ဆေးကုသမှုတွေနဲ့အတူ သီးသန့်ခွဲထားပြီး၊ သူနဲ့လတ်တလောမှာထိတွေ့ထားသူအားလုံးကိုလည်း သီးသန့်ခွဲထားတယ်လို့ KCNA က ထုတ်လွှင့်သွားခဲ့ပါတယ်။
ခေါင်းဆောင် ကင်ဂျုံအွန်ကတော့ Kaesong မြို့တစ်ဝိုက်ကို သီးသန့်ခွဲထားစေပြီး၊ အဲဒီနေရာနဲ့ စပ်ဆက်တဲ့ နယ်မြေတွေကိုလည်း အရေးပေါ်အခြေအနေကြေညာထားစေတယ်လို့ ဆိုပါတယ်။
ဒီလူနာ နိုင်ငံအတွင်းကို တရားမဝင် ရောက်ရှိလာတဲ့ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဗဟိုစစ်ဘက်ဆိုင်ရာကော်မရှင်က စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး၊ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်သွားမယ်လို့လည်း KCNA က အစီရင်ခံသွားခဲ့ပါတယ်။
source : CNN
photo : reuter/ KCNA Crd : OneNews Myanmar

0 comments:

Post a Comment