Thursday, July 16, 2020

မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ (၃၃၇) ဦးရှိနေပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅.၈ သိန်းကျော်နှင့် ရောဂါကူးစက်ခံရသူ ၁၃.၆ သန်းကျော်အထိ မြင့်တက်လာ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၅၈၆,၁၃၆) ဦးရှိလာပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၁၃,၆၈၁,၇၈၃) ဦး ရှိကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
မြန်မာနိုင်ငံတွင်(၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၅-၇-၂၀၂၀)ရက်နေ့၊ ည (၈:၀၀) နာရီ အချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၃၇)ဦး၊ ပိုးတွေ့ပြန်လည်သက်သာလူနာ (၂၆၆)ဦးနှင့် ပိုးတွေ့သေဆုံးလူနာ (၆)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

0 comments:

Post a Comment