Saturday, July 11, 2020

လက်ရှိ COVID-19 ကာလအတွင်း ပုဂံဒေသရှိ ဘုရားများနှင့် ဦးပိန်တံတားခရီးစဉ်ကို တစ်ရက်လျှင် လူဦးရေ ၂၀၀ ခန့် လည်ပတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရ

ရှေးဟောင်းမြို့တော် ပုဂံဒေသရှိ စေတီပုထိုးများ ဝင်ရောက်ဖူးမြော်ခြင်းနှင့် ဦးပိန် တံတားကဲ့သို့သော ခရီးစဉ်များကို သွားရောက်လည်ပတ်ရာတွင် တစ်ရက်လျှင် လူဦးရေ ၂၀၀ ခန့်သာ ခွင့်ပြုမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။
ယခုကဲ့သို့ လူဦးရေအကန့်အသတ်ဖြင့် သွားရောက်လည် ပတ်ခွင့်ပြုခြင်းမှာ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားသည့် Social Distancing (လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေ ခြင်း)ကြောင့်ဖြစ်သည်ဟု ၎င်းက ပြောသည်။
‘‘မိသားစုအလိုက်လာတဲ့အ ခါမှာ မိသားစုတစ်စုပြီးရင် နောက်တစ်စုသွားဖို့အတွက် ခြောက်ပေခြားနဲ့ လွှတ်မယ်။ ဒါတွေကို နောက်ဆက်တွဲ စည်းကမ်းချက်အနေနဲ့ ပေးပို့သွားပါ့မယ်’’ဟု ဦးအုန်း မောင်က ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် ဇူလိုင် ၁၀ ရက်က အွန် လိုင်းမှတစ်ဆင့် ဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။
လူဦးရေအကန့်အသတ်ဖြင့် ခရီးစဉ်လည်ပတ်ခွင့်ပြုခြင်းကို ဒေသတွင်း နိုင်ငံများအနက် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရားကျောင်းတွင် လက်ခံကျင့်သုံးနေကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် Social Distancing အရခရီးသွားကဏ္ဍ ပြန်လည်လုပ် ဆောင်နိုင်ရန် ခရီးစဉ်ဒေသအ သစ်များကိုလည်း တိုးချဲ့ဖော် ဆောင်သင့်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက အကြံပြုသည်။
ခရီးသွားလုပ်ငန်းကို ကျန်းမာရေးအရ စိတ်ချရရှိအောင် လုပ်ဆောင်ရမည်မှာ လွယ်ကူမှုမရှိ ကြောင်း၊ ကိုယ့်မိသားစုအချင်း ချင်း စုဝေးသွားလာမှုသည် ပြဿနာတစ်ခုမဟုတ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာ ခရီးသွားလာခြင်းကို လက်တွေ့လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်က ပြောသည်။
လက်ရှိအချိန်တွင် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခရီးသွားလည်ပတ်မှုအတွက် တရားဝင်တိုက် တွန်းနှိုးဆော်မှုများ မရှိသေးသော်လည်း ပြည်တွင်းခရီးသွားများသည် ပုဂံကဲ့သို့ သောနေရာ၌ တစ်ရက်လျှင် လူဦးရေ ၄၀၀ မှ ၅၀၀ ကြား လာ ရောက်လည်ပတ်နေကြောင်း ပုဂံဒေသခံအချို့က ပြောသည်။
Crd : 7Day

0 comments:

Post a Comment