Friday, July 10, 2020

Covid-19 ကပ်ရောဂါကြောင့် ခေတ္တပိတ်ထားတဲ့ ရွှေတိဂုံစေတီအား စာရင်းပေးသွင်းပြီးမှသာ ဖူးမြော်ခွင့်ပြုမည်

Covid-19 ကပ်ရောဂါကြောင့် ခေတ္တပိတ်ထားရတဲ့ ရွှေတိဂုံစေတီကို ပြန်လည်ဖူးမြော်ခွင့်ပြုပါက လာရောက်ဖူးမြော်သူတွေအနေနဲ့ စာရင်းပေးသွင်းပြီးမှသာ တက်ရောက်ဖူးမြော်ခွင့်ရရှိမယ်လို့ ရွှေတိဂုံစေတီဂေါပကအဖွဲ့ဝင် ဦးသန်းဇော်ကပြောပါတယ်။
စာရင်းပေးသွင်းတာကိုတော့ အွန်လိုင်းကနေတစ်ဆင့်ပေးသွင်းနိုင်သလို စာရင်းမသွင်းဘဲ ကိုယ်တိုင်လာရောက်ဖူးမြော်သူတွေအနေနဲ့လည်း ဘုရားရောက်မှသာ စာရင်းပေးသွင်းနိုင်တယ်လို့လည်း ဦးသန်းဇော် ကပြောပါတယ်။
အခုလိုစာရင်းပေးသွင်းပြီးမှ ဘုရားဖူးခွင့်ပြုတာဟာ နောက်ပိုင်းအကြောင်းတစ်စုံတစ်ရာပေါ် ပေါက်လာပါက ဆက်သွယ်ရလွယ်အောင် မှတ်တမ်းယူထားတဲ့သဘောသာဖြစ်သလို ဖူးမြော်လိုသူ တွေကိုလည်း လူဦးရေအကန့်အသတ်နဲ့သာခွင့်ပြုမှာဖြစ်ပြီး တစ်သုတ်ကိုဘယ်နှစ်ဦးခွင့်ပြုမယ် ဆိုတာကိုတော့ တွက်ချက်နေတုန်းလို့ ဦးသန်းဇော်ကဆိုပါတယ်။
Covid-19 ကပ်ရောဂါကြောင့် ရွှေတိဂုံစေတီအပါအဝင် ရန်ကုန်မြို့က အထင်ကရဘုရားတွေကို ခေတ္တဖူးမြော်ခွင့်ပိတ်ထားတာ (၃)လဝန်းကျင်ရှိပြီဖြစ်ပါတယ်။
Source - One News Myanmar

0 comments:

Post a Comment