Saturday, July 11, 2020

ကမ္ဘာတစ်ဝန်း နေ့စဉ် COVID-19 အတည်ပြုမှုအသစ်တွေ့ရှိမှု လက်ရှိအချိန်အထိ ၁၂ သန်းကျော်ဖြင့် စံချိန်တင်၊ အမေရိကန်တွင် တစ်ရက်အတွင်း ၇ သောင်းကျော်တွေ့ရှိ

ယခုအချိန်အထိ သိရသော အချက်အလက်များအရ ပြီးခဲ့သည့် ၂၄ နာရီအတွင်းတွင် ကမ္ဘာတစ်ဝန်းဝယ် COVID-19 အတည်ပြုမှုအသစ် ၂သိန်းကျော်(၂၃၆၉၁၈)ခု စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသဖြင့် ကပ်ရောဂါကာလအတွင်းနေ့စဉ်အသစ်တွေ့ရှိမှု အများဆုံးဖြစ်လာသည်။
ယခင်က နေ့စဉ်တွေ့ရှိမှု အများဆုံးမှာ ဇူလိုင် ၉ ရက်နေ့က အတည်ပြုမှုအသစ် ၂၂၃၆၄၀ ခု တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ပြန့်ပွားမှု အများဆုံးဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင်မူ ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုမှုအသစ် ရသောင်းကျော်(၇၁၇၈၇)တွေ့ရှိခဲ့သဖြင့် ကပ်ရောဂါကာလအတွင်း အမြင့်မားဆုံးနေ့စဉ်တွေ့ရှိမှုဖြစ်ကြောင်းသိရသည်။
ထို့အပြင် အိန္ဒိယနိုင်ငံတွင်လည်း ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုမှုအသစ် ၃သောင်းနီးပါး(၂၇၇၆၁) စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကပ်ရောဂါကာလအတွင်း အမြင့်မားဆုံး နေ့စဉ်တွေ့ရှိမှုဖြစ်လာပြန်သည်။
ယခုအချိိန်အထိသိရသော အချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ခြင်းခံရသူ စုစုပေါင်း ၁၂သန်းကျော်(၁၂၆၂၅၁၅၀)ဦးရှိပြီဖြစ်ပြီး၊ ၅၆၂၇၆၉ ဦးသေဆုံးခဲ့ကာ၊ ရသန်းကျော်(၇၃၃၃၀၃၈)ဦး သက်သာပျောက်ကင်းခဲ့ပြီဖြစ်ကြောင်းသိရသည်။
Source: Worldometer, Last updated: July 11, 2020, 01:43 GMT
Crd : Popular

0 comments:

Post a Comment