Saturday, July 18, 2020

ဆေးသုတေသနဦးစီးဌာန COVID -19 ကာကွယ်တားဆီးရေးအတွက် ဗီယက်နမ်အစိုးရနှင့် Mytel တို့မှ ငွေကြေးနှင့်ဆက်စပ်ပစ္စည်းများလှူဒါန်း

Mytel သည် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အစိုးရကိုယ်စားလှယ်များ နှင့်အတူ ဆေးသုတေသနဦးစီးဌာနက လုပ်ဆောင်လျှက်ရှိ နေသော Covid 19 ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် အသုံးပြုရန် ငွေကြေးနှင့် ဆက်စပ်ပစ္စည်းများ လွှဲအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
အဆိုပါလှူဒါန်းပွဲအခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Ly Quoc Tuan ၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ Mytel ၏ အမှုဆောင်အရာရှိ ချုပ် Mr.Hoang Trung Thanh၊ The Bank of Investment and Development of Vietnam (BIDV) တို့မှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ Mytel သည် ယခုဖြစ်ပွားလျက်ရှိသော အခြေအနေနှင့် ပြည်သူများ၏ စိုးရိမ်ပူပန်နေမှုများကို နားလည်သည့်အတွက် Covid 19 ကပ်ရောဂါကြီးကို တိုက်ထုတ် ရာတွင် အတတ်နိုင်ဆုံး ပါဝင်ကူညီ အားဖြည့်ပေးသွားခြင်း ဖြစ်သည်။
းအခမ်းအနားတွင် ဗီယက်နမ်အစိုးရမှ မြန်မာအစိုးရလုပ်ဆောင်နေသော Covid 19 ကာကွယ်တားဆီးရေးလုပ်ငန်း များအတွက် လှူဒါန်းသော ဒေါ်လာ ၅၀,၀၀၀ နှင့် ဆက်စပ်ပစ္စည်းများ၊ Mytel မှ အလှူငွေ ဒေါ်လာ ၅,၀၀၀ နှင့် နှာခေါင်းစည်း ၃၀,၀၀၀ ခု ၊စုစုပေါင်းတန်ဖိုး ဒေါ်လာ ၂၀,၀၀၀ နှင့် The Bank of Investment and Development of Vietnam (BIDV) လှူဒါန်းသော ၂,၀၀၀,၀၀၀ ကျပ်တို့ကို ဆေးသုတေသနဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းသို့ အသီးသီးလွှဲပြောင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

Source - Transcom News Journal

0 comments:

Post a Comment