Monday, July 13, 2020

စပိန်တွင် COVID-19 လူနာသစ်များ ပြန်လည်မြင့်တက်လာသဖြင့် ဒေသအချို့ကို lockdown ပြန်ချ

စပိန်နိုင်ငံ ဘာစီလိုနားမြို့နှင့် မိုင် ၁၀၀ ခန့်ဝေးသော Lleida မြို့အား ယနေ့မှစ၍ lockdown ကန့်သတ်ချက် ထပ်မံ ထုတ်ပြန်လိုက်ပြီး၊ ယင်းမြို့နေသူများသည် အစားအသောက်ဝယ်ယူရန်နှင့် မဖြစ်မနေသွားရမည့် လုပ်ငန်းခွင်သို့သွားခြင်းမှအပ အိမ်တွင်းမှာပင် နေကြရန် ကန့်သတ်လိုက်ကြောင်း သိရသည်။
ထို့အပြင် စားသောက်ဆိုင်များတွင် သွားရောက်စားသောက်ခြင်း၊ မင်္ဂလာလက်ထပ််ပွဲများပြုလုပ်ခြင်း၊ လူ ၁၀ ဦးထက်ပိုသော အစည်းအဝေးများပြုလုပ်ခြင်းတို့ကိုလည်း တားမြစ်လိုက်သည်။
ယခု lockdown အမိန့်ထုတ်ပြန်ခြင်းသည် စပိန်နိုင်ငံတွင် အရေးပေါ်အခြေအနေသတ်မှတ်ထားခြင်းကို ရုတ်သိမ်းပြီးနောက် ပထမဆုံးအကြိမ်ထုတ်ပြန်သော lockdown အမိန့်ဖြစ်သည်။ Lleida မြို့နှင့် အနီးတဝိုက် ဆေဂရီယာ မြူနီစီပယ်ဒေသတွင်းရှိ အခြားမြို့နယ် ၇ ခုကိုလည်း lockdown ပြန်လည်ချမှတ်လိုက်သည်။
ဆေဂရီယာဒေသအတွင်းဝယ် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၁၉၀ ဦးစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
crd-Popular News Journal #Myanmar_Online_News
>>Zawgyi<<
စပိန်တွင် COVID-19 လူနာသစ်များ ပြန်လည်မြင့်တက်လာသဖြင့် ဒေသအချို့ကို lockdown ပြန်ချ
Monday, July 13, 2020
စပိန်နိုင်ငံ ဘာစီလိုနားမြို့နှင့် မိုင် ၁၀၀ ခန့်ဝေးသော Lleida မြို့အား ယနေ့မှစ၍ lockdown ကန့်သတ်ချက် ထပ်မံ ထုတ်ပြန်လိုက်ပြီး၊ ယင်းမြို့နေသူများသည် အစားအသောက်ဝယ်ယူရန်နှင့် မဖြစ်မနေသွားရမည့် လုပ်ငန်းခွင်သို့သွားခြင်းမှအပ အိမ်တွင်းမှာပင် နေကြရန် ကန့်သတ်လိုက်ကြောင်း သိရသည်။
ထို့အပြင် စားသောက်ဆိုင်များတွင် သွားရောက်စားသောက်ခြင်း၊ မင်္ဂလာလက်ထပ်ပွဲများပြုလုပ်ခြင်း၊ လူ ၁၀ ဦးထက်ပိုသော အစည်းအဝေးများပြုလုပ်ခြင်းတို့ကိုလည်း တားမြစ်လိုက်သည်။
ယခု lockdown အမိန့်ထုတ်ပြန်ခြင်းသည် စပိန်နိုင်ငံတွင် အရေးပေါ်အခြေအနေသတ်မှတ်ထားခြင်းကို ရုတ်သိမ်းပြီးနောက် ပထမဆုံးအကြိမ်ထုတ်ပြန်သော lockdown အမိန့်ဖြစ်သည်။ Lleida မြို့နှင့် အနီးတဝိုက် ဆေဂရီယာ မြူနီစီပယ်ဒေသတွင်းရှိ အခြားမြို့နယ် ၇ ခုကိုလည်း lockdown ပြန်လည်ချမှတ်လိုက်သည်။
ဆေဂရီယာဒေသအတွင်းဝယ် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၁၉၀ ဦးစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
crd-Popular News Journal #Myanmar_Online_News

0 comments:

Post a Comment