
Covid-19 ရောဂါလက္ခဏာပြနေတဲ့လူနာကို သောကြာနေ့နေ့လည်က အဲ့ဒီမြို့မှာတွေ့ရလို့ဖြစ်တယ်လို့ KCNA မြောက်ကိုရီးယားသတင်းဌာနက ကြေညာသွားပါတယ်။
အဲ့ဒီလူဟာ လွန်ခဲ့တဲ့တစ်နှစ် လောက်က တောင်ကိုရီးယားကိုထွက်ပြေးသွားသူဖြစ်ပြီး ဇူလိုင်လထဲမှာ မြောက်ကိုရီးယားကို ပြန်ခိုးဝင်လာသူ ဖြစ်ပါသတဲ့။
အဲ့လောက် ဝင်လိုက်ထွက်လိုက်လုပ်လို့ လွယ်ကူသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
အဲ့ဒီလူကို အသွားအလာထိတွေ့မှု အသေအချာကန့်သတ်ထားပြီး သူနဲ့ ပြီးခဲ့တဲ့ ငါးရက်အတွင်း ထိတွေ့ခဲ့သူတွေကိုလည်း အသေအချာစုံစမ်းစစ်ဆေးပါမယ်တဲ့။
မြောက်ကိုရီးယားခေါင်းဆောင်လေး Jim Jong Un က စနေနေ့က အရေးပေါ် ပေါ်လစ်ဗျူရိုအစညိးမှာ အမြင့်ဆုံးအရေးပေါ်တပ်လှန့်မှုလုပ်မယ်လို့ ဆိုပါတယ်။
ဘယ်လောက်ပဲတင်းတင်းကျပ်ကျပ်တားဆီးထားပေမယ့် Covid ဟာ နိုင်ငံထဲဝင်လာနိုင်တယ်လို့ ဆိုပါတယ်။
အခုလည်း Kaesong City ကို သေသေချာချာ ပိတ်ဆို့ပြီး lockdown ချထားပါသတဲ့။
မတ်လတုန်းက Daily NK သတင်းဌာနက မြောက်ကိုရီးယား စစ်သား ၁၈၀ လောက်ဟာ ဇန်နဝါရီနဲ့ ဖေဖဝါရီလအတွင်းမှာ Covid-19 ရောဂါနဲ့ သေဆုံးခဲ့ပြီး ၃၇၀၀ လောက် quarantine ဝင်ထားရတယ်လို့ ကြေညာဖူးပါတယ်။
အဲ့ဒီမတ်လတုန်းကပဲ တောင်ကိုရီးယား Yonhap သတင်းဌာနကလည်း မြောက်ကိုရီးယား ၁၀၀၀၀ လောက် quarantine ဝင်ခဲ့ပြီး ၄၀၀၀ လောက်စာ ရောဂါလက္ခဏာမပြလို့ ပြန်လွှတ်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။
မြောက်ကိုရီးယားက Covid လူနာမရှိဘူးလို့ တချိန်လုံးအော်ခဲ့တာဖြစ်ပြီး အခုမှ Kaesong city ကို lockdown ချထားကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

Crd : Richard Myo Thant
0 comments:
Post a Comment