Tuesday, July 7, 2020

အမေရိကန်တွင် COVID-19 ကူးစက်မှုများ၏ ၉၉ ရာခိုင်နှုန်းမှာ လုံးဝစိုးရိမ်စရာမရှိဟု ထရမ့်ပြောကြားခြင်းကို အမေရိကန် FDA မထောက်ခံ

အမေရိကန်ပြည်ထောင်စုတွင်ဖြစ်ပွားသော COVID-19 ကူးစက်မှုများ၏ ၉၉ ရာခိုင်နှုန်းမှာ လုံးဝစိုးရိမ်စရာမရှိဟု သမ္မတ ဒေါ်နယ်ထရမ့်က သူ၏ လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းကို ထောက်ခံရန်မရှိကြောင်း အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့်ဆေးဝါး စီမံခန့်ခွဲမှုဌာန အကြီးအကဲ ဒေါက်တာ စတီဖင်ဟန်းက တနင်္ဂနွေနေ့က တုန့်ပြန်ပြောဆိုခဲ့သည်။
”ကျွန်တော်က အဲဒီစကားကို မထောက်ခံနိုင်ဘူးလို့ပြောတာပါ။ မှန်တယ် မှားတယ်ဆိုတာကိုတော့ မပြောလိုပါဘူး”ဟု စတီဖင်ဟန်းက သတင်းထောက်များအားပြောသည်။ စတီဖင်ဟန်းသည် အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။
အမေရိကန်တွင် ဖြစ်ပွားနေသော COVID-19 ကူးစက်သူများအနက် ၃၅ ရာခိုင်နှုန်းခန့်မှာ ရောဂါလက္ခဏာပြသခြင်းမရှိသူများဖြစ်သော်လည်း ယင်းတို့ထံမှ အခြားသူများဆီသို့ ဗိုင်းရပ်စ်ကူးစက်နိုင်ကြောင်း အမေရိကန်ပြည်ထောင်စု ရောဂါဘယကာကွယ်ရေးနှင့်ထိန်းချုပ်ရေး ဗဟိုဌာန(U.S CDC)က ဆိုသည်။
လက်ရှိတွင် အမေရိကန်ပြည်ထောင်စုဝယ် COVID-19 ကူးစက်ခြင်းခံရသူ စုစုပေါင်း ၃သန်းကျော် (၃,၀၃၉,၈၃၇)ဦးရှိပြီး၊ တစ်သိန်းကျော်(၁၃၂,၉၆၁ ဦး) သေဆုံးခဲ့ကာ၊( ၁,၃၁၀,၆၅၁) ဦးသက်သာပျောက် ကင်းခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်ခံရသူအသစ် ၅သောင်းနီးပါး(၄၉၆၇၃ ဦး)စစ်ဆေးတွေ့ရှိခဲ့သည်။
Ref ; Popular

0 comments:

Post a Comment