Saturday, July 18, 2020

COVID-19 ပတ်သက်လို့ အမေရိကန် မဲဆန္ဒရှင် ၆၀ ရာနှုန်းကျော် ထရမ့်ထက် Fauci ကို ယုံကြည်တယ်လို့ ဆို

COVID-19 သတင်း အချက်အလက် ဆိုင်ရာ ဆန္ဒမဲကောက်ယူမှု အသစ်တခု ထွက်ပေါ်လာချိန်မှာ အမေရိကန် မဲဆန္ဒရှင် ၆၀ ရာခိုင်နှုန်းကျော်က အမေရိကန် ကူးစက်ရောဂါများဆိုင်ရာ ထိပ်တန်း ကျွမ်းကျင်သူ Anthony Fauci ကို ယုံကြည်ကြ ပြီး သမ္မတ ဒေါ်နယ်ထရမ့်ကို မယုံကြည်ကြောင်း ပြောဆိုခဲ့ကြတယ်လို့ ဆင်ဟွာ သတင်းက ဖော်ပြပါတယ်။
Qunipiac တက္ကသိုလ် စစ်တမ်းအရ မဲဆန္ဒရှင် ၆၇ ရာခိုင်နှုန်းက ထရမ့်ရဲ့COVID-19 သတင်း အချက်အ လက်တွေကို မယုံကြည်ကြဘဲ ၃၀ ရာခိုင်နှုန်းကသာ ယုံကြည်ကြတယ်လို့ ဆိုပါတယ်။ ဆန့်ကျင်ဘက်အဖြစ် ၆၅ ရာခိုင်နှုန်းက Fauci ကို ယုံကြည်ကြပြီး ၂၆ ရာခိုင်နှုန်းကမူ ၎င်းရဲ့သတင်း အချက်အလက်တွေ ကို မယုံကြည်ကြပါဘူး။
အခုလေ့လာမှုဟာ အိမ်ဖြူတော်က Fauci ကို အသရေပျက်စေဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်နေတာကြောင့် ထွက်ပေါ်လာ ရ တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ Fauci ကို တိုက်ခိုက်မှုတွေအနက် သမ္မတ အကြံပေးဖြစ်သူ Peter Navarro က “ကျနော် သူနဲ့ အလုပ်လုပ်ခဲ့စဉ်က Fauci ဟာ အားလုံး မှားယွင်းနေခဲ့တယ်” လို့ USA Today မှာ ဖော်ပြတဲ့ ဆောင်းပါး တပုဒ်မှာ ရေးသားထားပါတယ်။
“Fauci ရဲ့ ပြည်သူ့ ကျန်းမာရေးကျွမ်းကျင်မှုကို အသရေပျက်စေရန် ကြိုးပမ်းမှုသည် နိုင်ငံရေး ကစားကွက် တခု ဖြစ်ပြီး ဆိုးရွားသော ဂယက်ရိုက်ခတ်မှု တခုဖြစ်ပါတယ်” လို့ The Atlantic သတင်းမှာလည်း မကြာသေးခင်က မှတ်ချက်ပြုခဲ့ပါ တယ်။
Ref ; Xinhua

0 comments:

Post a Comment