Tuesday, July 14, 2020

ချင်းအမျိုးသားတပ်ဦး(CNF)၏ သတ္တမအကြိမ်ပါတီညီလာခံတွင် ချင်းလူမျိုးများအားကာကွယ်ရန်အတွက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကို တိုက်ထုတ်တော့မည်ဟု သတင်းများထွက်ပေါ်နေ

ချင်းအမျိုးသားတပ်ဦး၏ သတ္တမအကြိမ်ပါတီညီလာခံသက်တမ်း၊ ဒုတိယအကြိမ် ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကို ၂၀၂၀ ခုနှစ် ၊ ဇူလိုင်လ (၇) ရက် မှ (၁၃) ရက်ထိ ဗဟိုဌာနချုပ် ဝိတိုရိယစခန်းတွင် (၇)ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါညီလာခံအား (၇)ရက်တာကျင်းပခဲ့ပြီး ကော်မတီအစည်းအဝေး၌ လက်ရှိ ဖြစ်ပွားနေသည့် COVID-19 ရောဂါကာကွယ်ရန်အတွက်လုပ်ဆောင်မည့်ကိစ္စများ၊ မိမိပြည်နယ် ကာကွယ်ရန် လူငယ်များအား တပ်သားသစ်အဖြစ်စည်းရုံးရေး လုပ်ဆောင်ရန်ကိစ္စရပ်များ၊ ပလက်ဝတွင် ဒုက္ခရောက်နေသော ချင်းတိုင်းရင်းသားများအား ကူညီထောက်ပံ့ရန်နှင့် ဗိုလ်ကျစိုးမိုး နေသော AA အဖွဲ့အား တိုက်ထုတ်ရန်ကိစ္စရပ်များအား အဓိကထားဆွေးနွေးခဲ့ကြကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့်အစည်းအဝေးသို့တက်ရောက်ခဲ့သူတစ်ဦးမှ အတည်ပြု ပြောဆိုသည်။
“ ချင်းပြည်နယ်မှာ ကူးစက်မှုများနေတဲ့ ကိုဗစ်ရောဂါကိုထိန်းချုပ်ဖို့ CNA/CNF ထိန်းချုပ်ရာ နယ်ဆက်တွေမှာ တင်းတင်းကြပ်ကြပ်ပိတ်ဆို့ဖို့ ညွှန်ကြားတာတွေရှိတယ်၊ ပလက်ဝမှာ AA က ချင်းရွာတွေမှာ အခြေပြုလှုပ်ရှားပြီး ချင်းလူမျိုးတွေကို ဒုက္ခပေးနေတဲ့ AA ကို တိုက်ထုတ်ဖို့ ပြောတာတွေရှိတယ်၊ ပလက်ဝချင်းလူမျိုးတွေ လုံခြုံရေးအတွက် လက်နက်ကိုင်မှရတော့မယ်၊ လက်ရှိအချိန်မှာလည်း သင်တန်းတက်နေတာ အများကြီးပဲ၊ လူငယ်တွေအများကြီးစည်းရုံးဖို့နဲ့ ပြည်ပရောက် ချင်းတွေ CAN/CNF ကို ဝိုင်းဝန်း ကူညီထောက်ပံ့ပေးကြဖို့ ဆွေးနွေးခဲ့ကြတယ်” လို့ ၎င်းကMay Yu Htar Nay ပြောသည်။
ချင်းအမျိုးသားတပ်မတော်အနေဖြင့် လက်နက်စွဲကိုင်ကာ ပလက်ဝနယ်မြေမှ တိုက်ထုတ် သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး အထွေထွေအတွင်းရေးမှုးချုပ်က ဇန်နဝါရီ ၂၆ ရက်နေ့က ပြောကြားထားသေးသည်။
“ ပလက်ဝနယ်မှာ ချင်းတပ်မတော်နဲ့ အစိုးရတပ်မတော်ကလွဲပြီး ဘယ်တပ်မတော်မှ နေလို့မရဘူး။ ၂၀၁၂ မှာကျွန်တော်တို့အစိုးရနဲ့လက်မှတ်ရေးထိုးစဉ်က သဘောတူညီထားတာ ရှိတယ်။ ကျွန်တော်တို့စကားကိုနားမထောင်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်းနဲ့ သူတို့ကို တိုက်ရလိမ့်မယ်။ ကျွန်ုပ်တို့နယ် မြေမှာဒါမျိုးလာလုပ်တာလက်မခံဘူး။ ကျွန်တော်တို့ရဲ့ မြေကိုကာကွယ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်” ဟု ချင်းအမျိုးသားတပ်ဦး အထွေထွေ အတွင်းရေးမှုးချုပ် ပူးဇိန်ကျုံးက ပြောကြားခဲ့သည်။
AA အဖွဲ့မှ ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်နယ်နမိတ်အတွင်းပါဝင်ကြောင်း၊ မိမိတို့မှာနယ်မြေရရှိရေးအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်းစည်းရုံးပြောဆိုခြင်းသည် လက်ရှိ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံဥပဒေနှင့် ဆန့်ကျင်ပြီး တိုင်ရင်းသားစည်းလုံး ညီညွတ်ရေးကိုပါ ထိခိုက်စေသောအပြုအမူဖြစ်သဖြင့် အလေးအနက်ကန့် ကွက်ကြောင်း ဇန်နဝါရီ ၁၉ ရက်နေ့က AA ၏လုပ်ရပ်နှင့်ပတ်သက်ပြီး ခူမီးလူငယ်များအသင်း၊ ခူမီးအမျိုးသမီးများအဖွဲ့နှင့် ပလက်ဝခူမီး လူမှုအဖွဲ့အစည်း (မလေးရှား)တို့မှ သဘောထားထုတ်ပြန်ခဲ့သေးသည်။
ချင်းလက်နက်ကိုင်အဖွဲ့(CNA/CNF)သည် အစိုးရနှင့်အပစ်ရပ်ကာ ငြိမ်းချမ်းရေး ယူထားသောအဖွဲ့ဖြစ်ပြီး ချင်းလူမျိုးများ ဒုက္ခရောက်နေသည်ကို မကြည့်ရက်တော့သဖြင့် ကျေးရွာများမှ ချင်းလူငယ် ၄၀၀၀ ကျော်ကိုခေါ်ယူသင်တန်းပေးနေသည်မှာ ၃လနီးပါးခန့်ရှိပြီ ဖြစ်ကြောင်း၊ သင်တန်းကာလလည်းပြီးဆုံးတော့မည်ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးရှိချင်းလူမျိုးများ ထောက်ပံ့သည့်ငွေများဖြင့် လက်နက်များဝယ်ယူထားရှိပြီးဖြစ်ကြောင်း၊ သင်တန်းပြီးပါက ပလက်ဝရှိ ကျေးရွာများတွင် လုံခြုံရေးတာဝန်များပေးတော့မည်ဖြစ်ပြီး ပလက်ဝဒေသအတွင်း AA စခန်းများရှိပါက တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်လပိုင်းက သင်တန်းတက်ရောက်နေသည့်ပုံများဖြင့် သတင်းတစ်ခုလူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သေးသည်။
Crd : May Yu Htar Nay

0 comments:

Post a Comment