Saturday, July 25, 2020

ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးမှ ဝန်ထမ်းများ ထွက်ခွာခဲ့ပြီး တရုတ်အစိုးရကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ Chengdu မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ခိုင်းခဲ့

အမေရိကန်နိုင်ငံ၊ ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးမှ ဝန်ထမ်းတွေဟာ သမ္မတဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ ယမန့်နေ့ (၂၄) ရက်နေ့က ခရီးဆောင်အိတ်ကြီးတွေကို ကားတွေ ပေါ်တင်ပြီး ထွက်ခွာသွားတယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရက ဟူစတန်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို အခုလ(၂၁) ရက်နေ့က ပိတ်ခိုင်းခဲ့တာဖြစ်ပြီး၊ တရုတ်အစိုးရကိုလည်း ဝန်ထမ်းရွှေ့ပြောင်းတာတွေ အပြီးအစီး လုပ်ဆောင်ဖို့ (၇၂) နာရီ အချိန်ပေးထားတာဖြစ်ပါတယ်။
ကောင်စစ်ဝန်ရုံးထဲ ဝင်လာတဲ့ကားတွေ ၊ ထွက်သွားတဲ့ကားတွေ တန်းစီးနေပုံနဲ့ locksmith ကုမ္ပဏီတစ်ခုက ကုန်ကားတစ်စီး ရပ်ထားတဲ့ အပြောင်းအရွှေ့လုပ်နေပုံတွေ ကို ဗီဒီယိုက ပြသခဲ့ပါတယ်။
တရုတ်အေးဂျင့်တွေဟာ ဟူစတန်မြို့ရှိ The University of Texas MD Anderson (တက္ကဆက် အန်တရာဆန်ဆေးတက္ကသိုလ်)က ကင်ဆာဌာန နဲ့ Texas A&M (A&M တက္ကဆက်ဆေးတက္ကသိုလ်)က ဆေးဝါးစနစ်တွေအပါအဝင် ၊ တက္ကဆက်ပြည်နယ်ရှိ အမေရိကန်ရုံးတွေကနေ အချက်အလက်တွေ ခိုးယူဖို့ ကြိုးစားခဲ့တယ်ဆိုပြီးတော့ အမေရိကန်အစိုးရက စွပ်စွဲထားတာပါ။
တရုတ်အစိုးရကလည်း ဒီကိစ္စကို လက်တုံ့ပြန်တဲ့အနေနဲ့ Chengdu မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို အခုလ(၂၄)ရက်နေ့က ပိတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment