Wednesday, July 15, 2020

ကချင်ပြည်နယ်ဗန်းမော်မြို့တွင် ရက်ကွက်တစ်ချို့ ရေဘေးနှင့်ရင်ဆိုင်နေရ

ကချင်ပြည်နယ်ဗန်းမော်မြို့မှာဇွန်လိုင် ၁၄ ရက်နေ့ကဧရာဝတီမြစ်ရေတိုးဝင်လာမှုကြောင့် မြေနိမ့်ရပ်ကွက်တွေဖြစ်တဲ့ ခွန်သာရပ်ကွက်အုပ်စု၊ တပ်ကလေး-သဘောင်္ဆိပ်-ညောင်ပင်သာကျေရွားသွား လမ်းနှင့် ပေါက်ကုန်းရပ်ကွက်အုပ်စု-ပညာ့ရိပ်သာ၊ မြေနိမ့်ပိုင်းများအတွင်းရှိ နေအိမ်/လမ်းကြားများ၌ ရေများ ဝင်ရောက် လာကာရေဘေးဒုက္ခ နှင့်ရင်ဆိုင်နေရကြောင်း ဗန်းမော်ဒေသခံတွေကပြောပါတယ်။
ဇူလိုင်လ၁၃ရက် နေ့လယ် ၁၂ ၃၀ အချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်များအရ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၏ ဧရာဝတီမြစ်ရေအမှတ်သည် ၁၀၆၂ cm စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ပါသဖြင့် ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာ၊ ဆူးပုတ်ကုန်းကျေးရွာ၊ စာဝတီးကျေးရွာအတွင်း မြစ်ကမ်းဘေး၌ နေထိုင်သူများ သတိပြုနေထိုင် ကြပါရန် ကြိုတင်အသိပေးနှိုးဆော်ခြင်းပြုလုပ်ထားတယ်လို့သိရပါတယ်။
ရေဘေးသင့် ပြည်သူများအတွက်ပေါက်ကုန်းရပ်ကွက်ရှိ ဓမ္မိကာရုံဘုန်းကြီးကျောင်း၊ ခွန်သာရပ်ကွက်ရှိလေးထပ်ဘုန်းကြီးကျောင်း/ မင်းစည်ဘုန်းကြီးကျောင်း/ ရေရှင်ဘုန်းကြီး ကျောင်းများတွင်ရေးဘေး ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားကြောင်းဒေသခံတွေကပြောပါတယ်။
Ref ; MPA

0 comments:

Post a Comment