Tuesday, July 21, 2020

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား (၅၉၀)ဦး ဆက်လက်ဝင်ရောက်

ထိုင်းနိုင်ငံရှိ ခရိုင်ဒေသအသီးသီးမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၅၉၀)ဦးသည် ယနေ့ ဇူလိုင်လ(၂၁)ရက်နေ့ ၊ နံနက်(၆)နာရီမှ မွန်းတည့် (၁၂) နာရီအချိန်အထိ မြဝတီမြို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)မှ တစ်ဆင့် မိမိအစီအစဉ်များဖြင့်ာ အမျိုးသား(၃၂၄)ဦးနှင့် အမျိုးသမီး(၂၆၆)ဦး စုစုပေါင်း(၅၉၀)ဦး ပြန်လည်ဝင်ရောက်လာကြကြောင်း သိရှိရသည်။
အများစုမှာ ကိုယ်ဝန်ဆောင်သူများ၊ ကျောင်းပြန်တက်ရမည့် ကလေးငယ်များနှင့် စက်ရုံလုပ်ငန်းများ ကာလကြာပိတ်ထားသဖြင့် အလုပ်နည်းပါးလာသော ကြောင့် ပြန်လာကြသူများဖြစ်သည်။ အဆိုပါ ပြန်ဝင်ရောက်လာသောသူများအား မြဝတီခရိုင် တာဝန်ရှိသူများက ထိုင်းနိုင်ငံနယ်စပ်ဂိတ် မဲဆောက်ဘက်ခြမ်းသို့ သွားရောက်ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာဒေသအသီးသီးရှိ Quarantine Centerများသို့ စီစဉ်ပို့ဆောင် ပေးခဲ့သည်။
>>Zawgyi<<

0 comments:

Post a Comment