Monday, July 20, 2020

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံခဲ့ရသော မြန်မာနိုင်ငံသားများကို တာချီလိတ်ကနေ တဆင့် မြန်မာဘက် လွှဲပြောင်းပေးအပ်

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံနေရပြီး လွတ်မြောက်လာကြတဲ့ မြန်မာ အလုပ်သမားတွေကို ဇူလိုင် ၂၀ ရက်နေ့ မနက် ၈ နာရီကနေ ၈ နာရီ ၁၅ မိနစ် အချိန်အထိ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၅၈ ဦးတို့ကို ပြန်လည် လွှဲပြောင်းပေးခြင်း ဖြစ်ပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ် (၂) ကနေ ထိုင်းနိုင်ငံဘက်က မြန်မာ ဘက်ကို ထိုင်း လဝက အရာရှိ Somsak Singkhan ဦးစီးတဲ့ အဖွဲ့က မော်တော်ယာဉ် ၃ စီးနဲ့ လာရောက် လွှဲပြောင်းပေးခဲ့ပြီး မြန်မာဘက် က လဝက ဦးစီးအရာရှိ ဦးစောထွန်းဖြူ အဖွဲ့က လက်ခံခဲ့တယ်လို့ သတင်း ရရှိပါတယ်။
ပြန်လည် လွတ်မြောက် လာသူတွေထဲမှာ ရှမ်းပြည်နယ် အရှေ့ပိုင်းက အမျိုးသား ၇ ဦး၊ အမျိုးသမီး ၈ ဦး ပေါင်း ၁၅ ဦး၊ ရှမ်းပြည်နယ် တောင်ပိုင်းက အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၆ ဦး ပေါင်း ၁၉ ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းက အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး ပေါင်း ၅ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးက အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး ပေါင်း ၄ ဦး၊ မန္တလေး တိုင်း ဒေသကြီးက အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၂ ဦး ပေါင်း ၁၄ ဦး၊ မကွေးတိုင်း ဒေသကြီးက အမျိုးသမီး ၁ ဦးနဲ့ နေပြည်တော် က အမျိုးသမီး ၁ ဦး စုစုပေါင်း ၅၈ ဦးတို့ ဖြစ်ကြပြီး ရှမ်းပြည်နယ် တောင်ပိုင်းက ပြစ်ဒဏ် ကျခံခဲ့ရသူ အများဆုံး ဖြစ်နေတာကို တွေ့ရှိရပါတယ်။
လွတ်မြောက် လာသူတွေကို တာချီလိတ်မြို့က မိုးကုတ် ဓမ္မရိပ်သာသို့ ပို့ဆောင်ပြီး COVID-19 ပိုးစစ်ဆေးမှု အဖြေရတဲ့ အထိ သီးခြား စောင့်ကြည့်သွာမယ်လို့လည်း သိရပါတယ်။
(ထိုင်းနိုင်ငံမှာ ပြစ်ဒဏ် ကျခံခဲ့ရတဲ့ မြန်မာတွေကို မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းနေစဉ်)
Crd : ရွှေတြိဂံဒေသ သတင်းဌာန

0 comments:

Post a Comment