Tuesday, July 7, 2020

ရွှေတိဂုံစေတီတော်ကြီး အပါအဝင် ရန်ကုန်မြို့အတွင်းရှိ ဘုရားစေတီများအား လူဦးရေကန့်သတ်ဖြင့် အချိန်အပိုင်းအခြား ဖူးမြော်နိုင်ရေးစီစဉ်

ရွှေတိဂုံစေတီတော်ကြီးနှင့် အခြားနာမည်ကြီး ဘုရားများကို လူဦးရေကန့်သတ်၍ အချိန်အပိုင်းအခြားဖြင့်ဖူးမြော် ခွင့်ပြုနိုင်ရန် ဂေါပကအဖွဲ့များထံမှ အသေးစိတ်အစီအမံများ တောင်းခံထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ပြောသည်။
ကျိုက်ထီးရိုး၊ မဟာမြတ် မုနိ၊ ဗိုလ်တစ်ထောင်၊ ဆူးလေစေတီတော်မြတ်ကြီးတို့ကိုလည်း ဘုရားဖူးမြော်ခွင့်ရရှိရေး အသေးစိတ်စီမံချက်ကို တိုင်းဒေသကြီး အစိုးရမှတစ်ဆင့် တင်ပြ၍ဆောင်ရွက်ရမည်ဖြစ်ပြီး ရွှေတိဂုံစေတီ တော်မြတ်ကြီး ပြန်လည်ဖူးမြော် နိုင်ရေးကိုမူ သာသနာရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်နေ ကြောင်း ဦးမြင့်ဦးက ဆိုသည်။
ရွှေတိဂုံစေတီတော်ကြီးတွင် ဘုရားဖူးမြော်ပြန်လည်ခွင့်ပြုနိုင် ရေး အသေးစိတ်စီမံချက်ကို တစ် ပတ်အတွင်း တောင်းခံထားကြောင်း ၎င်းကရှင်းပြသည်။
‘‘လူစုလူဝေးနဲ့ဆိုတော့ အရေးကြီးတယ်၊ တော်တော်ကို အရေးကြီးတယ်၊ ဒါကြောင့်မို့သတိထားပြီး လုပ်ရတာပါ’’ဟု ညွှန် ကြားရေးမှူးချုပ် ဦးမြင့်ဦးကပြောသည်။
ရွှေတိဂုံစေတီတော်ကြီးမှ ဂေါပကအဖွဲ့ဝင်များနှင့် နည်းပညာကူညီပေးမည့် အဖွဲ့အစည်းများပါဝင်သည့် ပြည်သူများကို ဘုရားဖူးမြော်ခွင့် ပြန်လည်ခွင့်ပြု နိုင်ရေး အစည်းအဝေးတစ်ရပ်ကို ဇွန်လနောက်ဆုံးအပတ်က နေပြည်တော်တွင် ကျင်းပ၍ဆွေးနွေးခဲ့ကြသည်။
ဘုရားကြီးများကို စနစ်တကျ ဖူးမြော်ခွင့်ကို ပေးရန် အသေးစိတ်စီမံချက် တောင်းခံထားခြင်းဖြစ်ပြီး နည်းပညာနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနအ ဖွဲ့အစည်းများမှ ကူညီပေးသွား မည်ဖြစ်ကြောင်း ဦးမြင့်ဦးကပြော သည်။
တိုင်းနှင့်ပြည်နယ်များမှ ဘုရားများကို ဖူးမြော်ရန် ရုတ်တရက်ရောက် ရှိလာပါကလည်း စနစ်တကျဖြင့် ဆောင်ရွက်ပေးရန် အသေးစိတ်စီမံချက်တွင် ပါဝင်မည်ဖြစ်ကြောင်း ဦးမြင့်ဦးက ဆက်လက်ပြောသည်။
ထိုသို့ ဂေါပက အဖွဲ့အစည်းများထံမှ အသေးစိတ်စီမံချက်များ ရရှိပါကလည်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့တင်ပြ၍ ခွင့်ပြုချက်ရှရိ မှသာ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၎င်းကဆိုသည်။
crd-7daynews #Myanmar_Online_News
>>Zawgyi<<
ရွှေတိဂုံစေတီတော်ကြီး အပါအဝင် ရန်ကုန်မြို့အတွင်းရှိ ဘုရားစေတီများအား လူဦးရေကန့်သတ်ဖြင့် အချိန်အပိုင်းအခြား ဖူးမြော်နိုင်ရေးစီစဉ်
Tuesday, July 7, 2020
ရွှေတိဂုံစေတီ တော်ကြီးနှင့် အခြားနာမည်ကြီး ဘုရားများကို လူဦးရေကန့်သတ် ၍ အချိန်အပိုင်းအခြားဖြင့်ဖူးမြော် ခွင့်ပြုနိုင်ရန် ဂေါပကအဖွဲ့များထံ မှ အသေးစိတ်အစီအမံများ တောင်းခံထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ပြောသည်။
ကျိုက်ထီးရိုး၊ မဟာမြတ် မုနိ၊ ဗိုလ်တစ်ထောင်၊ ဆူးလေစေတီတော်မြတ်ကြီးတို့ကိုလည်း ဘုရားဖူးမြော်ခွင့်ရရှိရေး အသေးစိတ်စီမံချက်ကို တိုင်းဒေသကြီး အစိုးရမှတစ်ဆင့် တင်ပြ၍ဆောင်ရွက်ရမည်ဖြစ်ပြီး ရွှေတိဂုံစေတီ တော်မြတ်ကြီး ပြန်လည်ဖူးမြော် နိုင်ရေးကိုမူ သာသနာရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်နေ ကြောင်း ဦးမြင့်ဦးက ဆိုသည်။
ရွှေတိဂုံစေတီတော်ကြီးတွင် ဘုရားဖူးမြော်ပြန်လည်ခွင့်ပြုနိုင် ရေး အသေးစိတ်စီမံချက်ကို တစ် ပတ်အတွင်း တောင်းခံထားကြောင်း ၎င်းကရှင်းပြသည်။
‘‘လူစုလူဝေးနဲ့ဆိုတော့ အရေးကြီးတယ်၊ တော်တော်ကို အရေးကြီးတယ်၊ ဒါကြောင့်မို့သတိထားပြီး လုပ်ရတာပါ’’ဟု ညွှန် ကြားရေးမှူးချုပ် ဦးမြင့်ဦးကပြောသည်။
ရွှေတိဂုံစေတီတော်ကြီးမှ ဂေါပကအဖွဲ့ဝင်များနှင့် နည်းပညာကူညီပေးမည့် အဖွဲ့အစည်း များပါဝင်သည့် ပြည်သူများကို ဘုရားဖူးမြော်ခွင့် ပြန်လည်ခွင့်ပြု နိုင်ရေး အစည်းအဝေးတစ်ရပ်ကို ဇွန်လနောက်ဆုံးအပတ်က နေပြည်တော်တွင် ကျင်းပ၍ဆွေးနွေးခဲ့ကြသည်။
ဘုရားကြီးများကို စနစ်တကျ ဖူးမြော်ခွင့်ကို ပေးရန် အသေးစိတ်စီမံချက် တောင်းခံ ထားခြင်းဖြစ်ပြီး နည်းပညာနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနအ ဖွဲ့အစည်းများမှ ကူညီပေးသွား မည်ဖြစ်ကြောင်း ဦးမြင့်ဦးကပြော သည်။
တိုင်းနှင့်ပြည်နယ်များမှ ဘုရားများကို ဖူးမြော်ရန် ရုတ်တရက်ရောက် ရှိလာပါကလည်း စနစ်တကျဖြင့် ဆောင်ရွက်ပေး ရန် အသေးစိတ်စီမံချက်တွင် ပါ ဝင်မည်ဖြစ်ကြောင်း ဦးမြင့်ဦးက ဆက်လက်ပြောသည်။
ထိုသို့ ဂေါပက အဖွဲ့အစည်း များထံမှ အသေးစိတ်စီမံချက်များ ရရှိပါကလည်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော် မတီသို့တင်ပြ၍ ခွင့်ပြုချက်ရှရိ မှသာ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၎င်းကဆိုသည်။
crd-7daynews #Myanmar_Online_News

0 comments:

Post a Comment