Monday, July 20, 2020

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူးနှင့် တာဝန်ရှိသူများ အမရပူရမြို့နယ်၊ မန္တလေး-စစ်ကိုင်းကားလမ်းဘေး ရေဆိုးထုတ်မြောင်းမှတဆင့် ဧရာဝတီမြစ်ရေစိမ့်ဝင်ပြီး မြေသားကျွံကျမှုအား ပြည်သူလူထုနှင့်အတူပူးပေါင်းကာ ဝိုင်းဝန်းကူညီဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မန္တလေး-စစ်ကိုင်းကားလမ်းဘေး၌ ယမန်နေ့ ည ၉ နာရီခွဲခန့်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဆိုးထုတ်မြောင်းမှတဆင့် မြစ်ရေများ စိမ့်ဝင်ကာမြေသားကျွံကျမှုဖြစ်ပေါ်ခဲ့ပြီး အနိမ့်ပိုင်းရှိ မှန်တန်းရပ်ကွက်၊ ယင်းတော်ရပ်ကွက်၊ ဈေးချို ရပ်ကွက်နှင့် ကြံတန်းရပ်ကွက်များအတွင်းသို့ မြစ်ရေစတင် ဝင်ရောက်ခဲ့သည်။
မြစ်ရေစိမ့်ဝင်မှုကြောင့် ယနေ့နံနက် ၂ နာရီခွဲခန့်တွင် ကားလမ်းမှာ အလျား ပေ ၂၀ ခန့် ကျိုးပေါက်မှုဖြစ်ပေါ်ပြီး ရေများစီးဝင်ကာ အနိမ့်ပိုင်း ရပ်ကွက်များသို့ မြစ်ရေအနိမ့်ဆုံး ၁ ပေမှ ၄ ပေအထိ ဝင်ရောက်ခဲ့သည်။
အဆိုပါနေရာသို့ ယမန်နေ့ည ၁၀ နာရီမှ စတင်၍ ယခုအချိန်ထိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ မန္တလေးတပ်နယ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စက်ယန္တရားကြီးများဖြင့် မြေဖို့ခြင်း၊ သဲအိတ်များကာရံခြင်း၊ သံဖြင့်ပြုလုပ်ထားသော ကျောက်ခြင်းများဖြင့်ပိတ်ဆို့ခြင်း၊ အနိမ့်ပိုင်းရပ်ကွက် ၄ ခုရှိ အိမ်ထောင်စုများအား အမြင့်ပိုင်းနေရာများရှိ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းနှင့် ဘုရားဝန်းများအတွင်းသို့ ကူညီရွှေ့ပြောင်းနေရာချထားပေးလျက်ရှိကြောင်းနှင့် လူ၊ တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။

Source: တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment