Sunday, July 26, 2020

၂၁-ရာစုပင်လုံစတုတ္ထအစည်းအဝေးကိုဩဂုတ်(၁၂)ရက်မှ(၁၄)ရက်အထိနေပြည်တော်မှာကျင်းပမည်ဖြစ်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် လ ၁၂ ရက်မှ ၁၄ ရက်အထိ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်းဗင်းရှင်း ဗဟိုဌာန (၁) နှင့် (၂) တို့မှာ ကျင်းပသွားမယ်လို့ပြန်ကြားရေး၀◌န်ကြီးဌာနရဲ့ဒီနေ့(ဇူလိုင်လ၂၅)ရက် ထုတ်ပြန်ချက်အရသိရပါတယ်။
ညီလာခံတက်ရောက်မယ့် လူဦးရေကို အရင်ကျင်းပခဲ့တဲ့ အစည်းအဝေးတွေမှာ တက်ရောက်ခဲ့တဲ့ လူဦးရေရဲ့ (၃)ပုံ (၁)ပုံအထိလျော့ချစီစဉ်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂ်ုလ်ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာပြောကြားထားပါတယ်။
ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတွက် တစ်ဖွဲ့ကို နှစ်ဦးသာ ဖိတ်ကြားမှာဖြစ်ပြီး ဖိတ်ကြားခံရသူကိုယ်တိုင်တက်ရောက်ရမှာဖြစ်သလို ကိုယ်စားလှယ်တက်ခွင့်မရှိဘူးလို့ လည်းဆိုပါတယ်။
တက်ရောက်မယ့်ကိုယ်စားလှယ်တွေအနေနဲ့လည်း သတ်မှတ်ရက်ထက် စောလာရမှာဖြစ်ပြီး Covid-19 ရောဂါပိုးရှိမရှိစစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါအခမ်းအနားကို ကိုဗစ်-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အစီအမံတွေနဲ အညီ ဆောင်ရွက်မှာဖြစ်တဲ့အတွက် သတင်းမီဒီယာအရေအတွက်ကိုလည်း ပြည်တွင်းသတင်း မီဒီယာ ၄၀ ၊ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းမီဒီယာ ၂၀ စုစုပေါင်း ၆၀ ကိုသာ ကန့်သတ် ဖိတ်ကြားသွားမယ်လို့ ပြန်ကြားရေး၀◌န်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
သတင်းသမားတွေကို သတ်မှတ်တဲ့နေ့မှာ ကိုဗစ်-19 ရောဂါ ကူးစက်ခံထားရမှု ရှိ/မရှိ Swab နမူနာ ရယူ စစ်ဆေးခြင်းကို အခမဲ့ ဆောင်ရွက်ပေးမယ်လို့သိရပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ မကျင်းပနိုင်တာ နှစ်နှစ် နီးပါးကြာမြင့်နေပြီဖြစ်ပါတယ်။
Crd : UpToDateChannel

0 comments:

Post a Comment