Friday, July 17, 2020

သထုံ ကမ္ဘောဇဘဏ်(၂)မှ ထွက်လာသော အမျိုးသမီးတစ်ဦး ငွေကျပ် သိန်း ၆၀ အလုခံရ သထုံတွင် ငွေလုခံရမှု ဒုတိယအကြိမ်ဖြစ်

မွန်ပြည်နယ်၊ သထုံမြို့ နန်းခဲရပ်ကွက်တွင် ဇူလိုင်လ ၁၈ နေ့က ကမ္ဘေဇဘဏ်မှ ထွက်လာသော အမျိုးသမီးတစ်ဦး ငွေကျပ်သိန်း ၆၀ အလုခံရတာဖြစ်ပြီး သထုံမှာ ဘဏ်မှ ထွက်လာသူအား ငွေလုခံရမှု ဒုတိယအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
မနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်တွင် နန်းခဲရပ်ကွက်ရှိ ကမ္ဘောဇဘဏ် ၂ မှ ငွေထုတ်ပြီး ထွက်လာသူ မဥမ္မာမြင့် အောက်ကျင်းရပ်ကွက်နေသူသည် အခြားဘဏ်တစ်ခုသို့ ငွေလွှဲရန် နန်းခဲရပ်ကွက် ရှမ်းစုလမ်းအတိုင်း စက်ဘီးဖြင့်လာစဉ် ဆိုင်ကယ်ဖြင့်နောက်မှ လိုက်လာသူ အမျိုးသားတစ်ဦးမှကျပ်သိန်း ၆၀ ပါသော ငွေထုပ်အား လုယူထွက်ပြေးသွားတယ်လို့ သိရပါတယ်။
"ကမ္ဘောဇဘဏ် ၂ ကနေ ငွေထုတ်ပြီးတော့ ညီမဆီ ငွေလွှဲပေးစရာရှိလို့ ရှမ်းစုလမ်းအတိုင်းကနေ ဧရာဝတီဘဏ်ဘက်ကို စက်ဘီးနဲ့သွားတာ။ လမ်းမှာလဲ လူနည်းနည်းပြတ်နေတယ်။ အနောက်ကနေ ဆိုင်ကယ်နဲ့လာပြီး စက်ဘီးခြင်းထဲက ငွေထုတ်ကို လုပြီး ဆိုင်ကယ်မောင်းပြေးသွားတာ။ လူပုံစံက ပိန်ပိန် ဆိုင်ကယ်ဦးထုပ်ဆောင်းထားတယ်။ ခုတော့ ရဲစခန်းကို အမှုသွားဖွင့်ထားတယ်။ ငွေကတော့ ပြန်ရရင်တော့တောကောင်းတာပေါ့''ဟု မဥမ္မာမြင့်ကပြောပါတယ်။
ယခုအကြိမ် ငွေလုခံရမှုမှာ သထုံတွင် ဒုတိယအကြိမ်ဖြစ်ပြီး ဇူလိုင်လ ၈ ရက်နေ့ကလဲ ကမ္ဘောဇဘဏ် ၁ မှငွေထုပ်ပြီး ထွက်လာသူ အမျိုးသမီးတစ်ဦး၏ ငွေကျပ် ၁၂ သိန်းကိုလဲ သိမ်ကုန်းရပ်ကွက် ရန်ကုန်-မော်လမြိုင်ကားလမ်း သီဟဂုဏ် လက်ဖက်ရည်ဆိုင်အနီးတွင် ဆိုင်ကယ်ဖြင့်လာသော အမျိုးသားတစ်ဦးမှ လုယူမှုဖြစ်ပေါ်ခဲ့သေးတယ်လို့ သိရပါတယ်။
ငွေကျပ် သိန်း(၆၀) ကျပ်အလုခံရမှုနှင့်ပတ်သက်ပြီး သထုံမြို့နယ်ရဲတပ်ဖွဲ့မှ တရားခံဖမ်းဆီးရမိရေး စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။
Crd : ရာမညတိုင်း(မ်) သတင်းအေဂျင်စီ

0 comments:

Post a Comment