Tuesday, July 7, 2020

ရဲတပ်ဖွဲ့နှင့် ဒေသခံများ မြေကိစ္စနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒေသခံအချို့ ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ စေတီယျုံကျေးရွာအုပ်စု၊ မြကုန်းကျေးရွာ၌ စစ်ဆေးရေးဂိတ် တည်ဆောက်ရန် သက်ဆိုင်ရာမှ မြေနေရာသတ်မှတ်ရာ ယနေ့ နံနက်ပိုင်းက ရဲတပ်ဖွဲ့နှင့် ဒေသခံ များအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒေသခံသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း မြကုန်းကျေးရွာဒေသခံကို စိုင်းရာ ဇာကပြောသည်။
ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှ ရာဘာကျည်နှင့် ဖြိုခွင်းခဲ့သဖြင့် ဒေသ ခံဘက်မှ ခုနှစ်ချက်ထိမှန်သူ၊ ငါးချက်ထိမှန်သူနှင့် နှစ်ချက်ထိမှန်သူရှိခဲ့ပြီးပုလဲဆေးရုံသို့ ပို့ထားကြောင်း သိရသည်။
မြကုန်းကျေးရွာ အရှေ့ဘက်တွင် သဘာဝဘေးအန္တရာယ်ခံနိုင်ရန်အတွက် ဒေသလံများက မယ်ဇလီ စိုက်ခင်းများ စိုက်ပျိုးထားပြီး ယင်းနေရာတွင် စစ်ဆေးရေးဂိတ်တည်ဆောက်မည်ဖြစ်သဖြင့် ဒေသခံများက လက်မခံ ကန့်ကွက်ခဲ့ရာ ရဲတပ်ဖွဲ့နှင့် ဒေသခံ များအကြား ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့အနေဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ရာဘာကျည်သုံးပြီး မလွှဲ သာပဲ ဖြိုခွင်းခြင်းဖြစ်ကြောင်းပုလဲမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါစစ်ဆေးရေးဂိတ်ကို တိုင်းဒေသကြီးအစိုးရစီမံချက်ဖြင့် အိန္ဒိယဘက်မှ ဝင်လာမည့် ကုန်စည်များ ကို တရားဝင်/မဝင် စစ်ဆေးဖို့ ဂိတ်တည်ဆောက်ခြင်းဖြစ်သည်။
crd-People Media #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment