Sunday, July 19, 2020

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ၅၀၀ ကျပ်တန် ငွေစက္ကူများ ဇူလိုင် ၂၁ ရက်တွင် ဖြန့်ဝေမည်

ထပ်မံထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန်ငွေစက္ကူများကို လာမည့် ရုံးဖွင့်ရက်ဖြစ်သော ဇူလိုင်လ ၂၁ ရက် (အင်္ဂါနေ့) တွင် အများပြည်သူသို့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးစိုးမင်းက ''၂၁ ရက်နေ့ပေါ့။ အားလုံးကတော့ အဆင်သင့်ဖြစ်နေပြီ။ ၂၁ ရက်နေ့ကစပြီးတော့ ဘဏ်ဖွင့်ရက်တွေမှာ စထုတ်ပေးမှာပေါ့။ ဇန်နဝါရီတုန်းကလည်း ဒီအတိုင်းပဲလေ။ ဇန်နဝါရီ ၄ ရက်နေ့ဆို ရုံးဖွင့်ရက်က ၇ ရက်နေ့ဆိုတော့ အဲဒီလိုပဲပေါ့''ဟု ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ငါးရာကျပ်တန် ငွေစက္ကူများကို ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ဝေမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ ငါးရာကျပ်တန်ငွေစက္ကူအရွယ်အစားမှာ အလျား ၁၅ဝ မီလီမီတာ၊ အနံ ရဝ မီလီမီတာရှိကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တထောင်ကျပ်တန် ငွေစက္ကူသစ်များကို လွတ်လပ်ရေးနေ့အမှတ်တရအဖြစ် ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဂုဏ်ပြုထုတ်ဝေခဲ့ပြီး ရုံးဖွင့်ရက်ဖြစ်သည့် ဇန်နဝါရီလ ၇ ရက်နေ့တွင် အများပြည်သူသို့ ဖြန့်ဝေခဲ့သည်။
ထို့အပြင် လက်ရှိသုံးစွဲနေသည့် ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ဦးစိုးမင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတခုတွင် ပြောထားသည်။
crd-News Watch #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment