Thursday, July 16, 2020

အီရန်နိုင်ငံတွင် သင်္ဘော ၇ စီးထက်မနည်း မီးလောင်၊ လူ သေဆုံးဒဏ်ရာရမှု မရှိ

အီရန်နိုင်ငံ ဘွတ်ရှ်ရှာဆိပ်ကမ်းမှာ ဇူလိုင် ၁၅ ရက်က အသေးစားလောင်ကျွမ်းမှုကနေ မီးစလောင်ခဲ့တာဖြစ်ပြီး မီးသတ်သမားတွေ ရောက်လာတာ နောက်ကျ၍ သင်္ဘော ၇ စီးထက်မနည်း မီးလောင်ကျွမ်းခဲ့ပါတယ်။
ဒေသမီးသတ်တပ်ဖွဲ့အကြီးအကဲကတော့ မီးသတ်သမားတွေ ကြန့်ကြာရတာက ယာဉ်ကြောပိတ်တာလည်း တစိတ်တပိုင်း ပါဝင်တယ်လို့ ဖြေရှင်းပါတယ်။ မီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရတာ မရှိပါဘူး။
မီးလောင်မှုကို နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်ခဲ့ပြီး နေရောင်ကြောင့် မီးလောင်တာ ဖြစ်တယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။ အခု မီးလောင်မှုဟာ မကြာသေးခင်ကာလအတွင်း အီရန်မှာ ဖြစ်ခဲ့တဲ့ မီးလောင်ပေါက်ကွဲမှု တွေထဲက နောက်ဆုံး မီးလောင်တာလည်း ဖြစ်ပါတယ်။
ဇွန်လနှောင်းပိုင်းကစလို့ အီရန်စစ်ဘက် နျူကလီးယားနဲ့စက်မှုဇုန်တွေမှာ မီးလောင်ပေါက်ကွဲမှု အများအပြား ဖြစ်ခဲ့ပြီး အဲဒီထဲမှာ ဇူလိုင် ၂ ရက်က နက်တန်စ်မြေအောက်နျူကလီးယားစက်ရုံ မီးလောင်တာလည်း ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
>>Zawgyi<<
အီရန်နိုင်ငံတွင် သင်္ဘော ၇ စီးထက်မနည်း မီးလောင်၊ လူ သေဆုံးဒဏ်ရာရမှု မရှိ
Thursday, July 16, 2020
အီရန်နိုင်ငံ ဘွတ်ရှ်ရှာဆိပ်ကမ်းမှာ ဇူလိုင် ၁၅ ရက်က အသေးစားလောင်ကျွမ်းမှုကနေ မီးစလောင်ခဲ့တာဖြစ်ပြီး မီးသတ်သမားတွေ ရောက်လာတာ နောက်ကျ၍ သင်္ဘော ၇ စီးထက်မနည်း မီးလောင်ကျွမ်းခဲ့ပါတယ်။
ဒေသမီးသတ်တပ်ဖွဲ့အကြီးအကဲကတော့ မီးသတ်သမားတွေ ကြန့်ကြာရတာက ယာဉ်ကြောပိတ်တာလည်း တစိတ်တပိုင်း ပါဝင်တယ်လို့ ဖြေရှင်းပါတယ်။ မီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရတာ မရှိပါဘူး။
မီးလောင်မှုကို နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်ခဲ့ပြီး နေရောင်ကြောင့် မီးလောင်တာ ဖြစ်တယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။ အခု မီးလောင်မှုဟာ မကြာသေးခင်ကာလအတွင်း အီရန်မှာ ဖြစ်ခဲ့တဲ့ မီးလောင်ပေါက်ကွဲမှုတွေထဲက နောက်ဆုံး မီးလောင်တာလည်း ဖြစ်ပါတယ်။
ဇွန်လနှောင်းပိုင်းကစလို့ အီရန် စစ်ဘက် နျူကလီးယားနဲ့စက်မှုဇုန်တွေမှာ မီးလောင်ပေါက်ကွဲမှု အများအပြား ဖြစ်ခဲ့ပြီး အဲဒီထဲမှာ ဇူလိုင် ၂ ရက်က နက်တန်စ်မြေအောက်နျူကလီးယားစက်ရုံ မီးလောင်တာလည်း ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

0 comments:

Post a Comment