Saturday, July 25, 2020

အရွယ်ရောက်ပြီးသူတိုင်း စစ်မှုမထမ်းမနေရဥပဒေကြောင့် ဖြတ်ဖောက်ချုပ်များနှင့်အနုပညာရှင်များပါမကျန် မပျက်မကွက်သွားရောက်သတင်းပို့ကြရတဲ့ ထိုင်းနိုင်ငံက ဥပဒေ

ထိုင်းနိုင်ငံမှာ Covid-19 ကာလကြောင့် အရွယ်ရောက်ပြီးသူတိုင်း အသက် ၂၀-၂၅ အကြား မဖြစ်မနေစစ်ထမ်းဆောင်ရန် သက်ဆိုင်ရာမြို့နယ်အလိုက် နီးစပ်ရာစစ်ရေးဌာနမှာသွားရောက်သတင်းပို့ရသည့် အစိီအစဉ်ကို ဧပြီလကနေ ယာယီဆိုင်းငံ့ထားသော်လည်း ယခုဇူလိုင်လ စတုတ္ထအပါတ်ကနေစတင်ပြီး သတ်မှတ်ထားတဲ့စံချိန်စံညွှန်းများနှင့်အညီရွေးချယ်နိုင်ရန်အတွက် မြို့နယ်အသီးသီးမှာ အလုအယက်သွားရောက်သတင်းပို့နေကြရပါတယ် ။
ပုံမှန်နှစ်စဉ်ဧပြီလမှာ သတင်းပို့ကြရပေမယ့် Covid ကာလကြောင့်ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ပါတယ် ။
တစ်လအတွင်းမိမိအိမ်ထောင်စုဇယားစာရင်းဝင်သည့်သက်ဆိုင်ရာ ခရိုင် / မြို့နယ်မှာရှိတဲ့နီးစပ်ရာတပ်ရင်း တပ်ဖွဲ့ရှိစစ်ရေးဌာနတွေမှာ အမျိုးသားမှန်သမျှ ( ဖြတ်ဖေါက်ချုပ်များပါမကျန် ) သွားရောက်သတင်းပို့ကြရပါတယ် ၊ ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဖုန်းကညာများကလည်း အဖုအထစ်အမို့အမောက်များပါသယ်ဆောင်သွားရပြီး သွားရောက်သတင်းပို့ကြတဲ့ ဓါတ်ပုံတွေကလည်း လူမှုကွန်ယက်တွေမှာရော ၊ ရုပ်သံသတင်းတွေမှာပါဝေဝေဆာဆာနဲ့ ဖော်ပြနေတာကို တွေ့နေရပါတယ် ။
အရွယ်ရောက်ပြီးသူတိုင်းလားဆိုတော့မဟုတ်ပါဘူး ၊ ခြွင်းချက်အနေနဲ့ သက်ကြီးရွယ်အို မိအိုဖအိုများကို ပြုစုစောင့်ရှောက်ကြွေးမွေးနေသောသားများ ၊ မသန်စွမ်းသည့်သူများ ၊ အစိုးရဝန်ထမ်းများ ၊ ကျောင်းဆရာများ ၊ ပညာသင်ကြားနေကြသူများကို ကင်းလွတ်ခွင့်ပေးကြတယ်လို့သိရပါတယ် ၊ ဒုလ္လဘရဟန်းများကတော့လာရောက်သတင်းပို့ရပါတယ် ။ ဒီနှစ်မလာနိုင်ရင် ခွင့်စာတင်ပြီးနောက်နှစ်ကိုရွှေ့ဆိုင်းနိုင်ပါသည် ၊ တစ်ချို့လည်းဂယ်ရှာ၍ ကိုယ်အင်္ဂါချို့ယွင်းချင်ယောင်ဆောင်တတ်ကြပါသည် ။
သွားရောက်သတင်းပို့ကြသူတိုင်းစစ်မှုထမ်းကြရတာမဟုတ်ဘဲ မဲနှိုက်ကြရပါတယ် ၊
တစ်ချို့မဲပုံးထဲကနေ ဗလာမဲဖြစ်တဲ့ အမဲရောင်ကိုနှိုက်မိပါခဲ့က ပျော်လွန်း၍ သင်္ကန်းဝတ်ဖြင့် ထကကြတဲ့သူတွေရှိကြသလို အနီရောင်မဲပြားကိုနှိက်မိပါက သင်္ကန်းဝတ်ကြီးဖြင့် လျှော့ခ်ဖြစ်ကာ မူးလဲသွားတဲ့ ရဟန်းပျိုတွေလည်းရှိကြပါတယ် ( ပုံပါ ) ၊ ပျော်စရာတော့ကောင်းမည်ထင်ပါမည် ၊ ဘာဘဲပြောပြော မည်သူကမှစစ်ထဲကို လိုလိုလားလားနဲ့ မဝင်လိုကြဘူးဆိုတာပေါ်လွင်လွန်းလှပါသည် ၊ အခြေခံဥပဒေအရမို့ မဖြစ်မနေလာရောက်သတင်းပို့ကြပုံပါဘဲ ။
မဲအနီပေါက်သူဟာစစ်မှုထမ်းရမှာဖြစ်ပြီး မဲကဒ်ပြားအမဲပေါက်သူကတော့ စစ်မှုထမ်းခွင့်မရှိတော့ပါဘူး ၊ မဲကဒ်ပြားအနီပေါက်သူများကို သတ်မှတ်ထားတဲ့အရပ်အမြင့် ၊ ကိုယ်အလေးချိန် ၊ ရင်အုပ်အကျယ်နှင့် ခြေလက်အင်္ဂါများစုံလင်မှု ရှိ / မရှိ ၊ ကျမ္မာရေး ( က ) အဆင့်ရှိ / မရှိစစ်ဆေးပြီး အားလုံး Clear ဖြစ်မှအခြေခံစစ်ပညာသင်တန်းကျောင်းမှာ ၃ လတာတက်ရောက်ရမှာဖြစ်ပါတယ် ။
သင်တန်းဆင်းပြီးတဲ့နောက်ပညာအရည်အချင်းနှင့်အရပ်အမောင်းကောင်းတဲ့သူတွေကို တပ်မတော်ရေနှင့်လေ ကိုထပ်မံခွဲပါတယ် ၊ သို့သော်အင်အားမှာကြည်းတပ်လောက်မများပေ ၊ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က လာရောက်သတင်းပို့သူ ၅ သိန်းရှိပေမယ့် ဇကာတင်ရွေးချယ်လိုက်တာကတော့ တပ်သားသစ်စစ်သည်အင်အား ၁၀၄၀၀၀ ဘဲရှိသည်ဟုသိရပါသည် ၊ ထိုအထဲကမှ ခြေလျင်ကြည်းတပ်တွင် အင်အား ၈၀၀၀၀ ဦး ၊ ရေတပ်တွင် ၁၆၀၀၀ ဦး ၊ ကျန်တာကတော့ လေတပ်မှာတာဝန်ထမ်းဆောင်ကြရပါတယ် ။
ဒီနေရာမှာ အနုပညာရှင်များနှင့်ငွေကြေးချမ်းသာသူများရဲ့သားသမီးတွေအတွက် မျက်လုံးစောင်းနေတာတို့ ၊ ခြေတစ်ဖက်အနည်းငယ်ခွင်နေတာတို့ ၊ အခြားရောဂါတစ်ခုခုရှိနေတာတို့အတွက် လက်သိပ်ထိုးပေးရတာမျိုးလည်းရှိတယ်လို့တပ်အသိုင်းအဝိုင်းကနေတဆင့်ကြားဖူးခဲ့ပါတယ် ။
သွားရောက်သတင်းပို့ဘို့ပျက်ကွက်ခဲ့ရင်တော့သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဝရမ်း ထုတ်ကာ ဆင့်ခေါ်၍ထောင်ဒဏ် ၃ လနှင့်ငွေဒဏ်ဘတ် ၃၀၀ ချမှတ်ခံရမှာဖြစ်ပါတယ် ၊ ကျမ္မာရေးချို့ယွင်း၍သွားရောက်သတင်းမပို့နိုင်ပါက သက်ဆိုင်ရာမြို့နယ်ဆေးရုံတွေကဆေးမှတ်တမ်းထောက်ခံစာတွေပြရပါတယ် ။
မဖြစ်မနေစစ်မှုထမ်းသက် ၃ နှစ်တာဝန်ထမ်းဆောင်ပြီးပင်စင်မဲ့ထွက်ခွင့်ပြုပါတယ် ၊ ကိုယ်တွေခေတ်ကလို မပျော် ၅ နှစ် ၊ ပျော် ၅ နှစ် ဆိုတဲ့စာချုပ်ကြီးလိုပေါ့ တစ်ချို့စည်းမျဉ်းစည်းကမ်းတွေက စာရွက်ပေါ်မှာရှိပြီးအသက်မဝင်သလို ၊ တစ်ချို့စည်းမျဉ်းဥပဒေတွေဟာစာရွက်ပေါ်မှာမရှိပေမယ့် သိပ်ပြီးအသက်ဝင်နေတာတွေလည်းရှိနေပြန်ပါတယ် ။
၃ နှစ်ပြည့်လို့ မိမိသဘောဆန္ဒအရ တပ်မတော်ကနေမထွက်လိုဘဲ ဆက်လက်အမှုထမ်းလိုပါက လျှောက်လွှာတင်ပြီး တာဝန်ထမ်းဆောင်နိုင်ပါတယ် ၊ အဲ့ဒီနောက် ပညာအရည်အချင်းအရ စာမေးပွဲဖြေဆိုပြီး ရာထူးအဆင့်ဆင့်တိုးမြှင့်သွားမှာဖြစ်ပါတယ် ၊ ဥပဒေအရစစ်မှုထမ်းသက် (၃) နှစ်တာကာလမှာတော့ တပ်သားအဆင့်ဖြစ်သာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ် ။
ဤဥပဒေကိုအကောင်အထည်ဖော်ခဲ့သည်မှာ နှစ်ပေါင်း (၆၆) နှစ်ကြာခဲ့ပြီဖြစ်ကြောင်း ဗဟုသုတအဖြစ်လေ့လာရေးသားလိုက်ရပါသည် ။
crd-SiThuMaung #Myanmar_Online_News
>>Zawgyi<<
အရွယ်ရောက်ပြီးသူတိုင်း စစ်မှုမထမ်းမနေရဥပဒေကြောင့် ဖြတ်ဖောက်ချုပ်များ နှင့်အနုပညာရှင်များပါမကျန် မပျက်မကွက်သွားရောက်သတင်းပို့ကြရတဲ့ ထိုင်းနိုင်ငံက ဥပဒေ
Saturday, July 25, 2020
ထိုင်းနိုင်ငံမှာ Covid-19 ကာလကြောင့် အရွယ်ရောက်ပြီးသူတိုင်း အသက် ၂၀-၂၅ အကြား မဖြစ်မနေစစ်ထမ်းဆောင်ရန် သက်ဆိုင်ရာမြို့နယ်အလိုက် နီးစပ်ရာစစ်ရေးဌာနမှာသွားရောက်သတင်းပို့ရသည့် အစီအစဉ်ကို ဧပြီလကနေ ယာယီဆိုင်းငံ့ထားသော်လည်း ယခုဇူလိုင်လ စတုတ္ထအပါတ်ကနေစတင်ပြီး သတ်မှတ်ထားတဲ့စံချိန်စံညွှန်းများနှင့်အညီရွေးချယ်နိုင်ရန်အတွက် မြို့နယ်အသီးသီးမှာ အလုအယက်သွားရောက်သတင်းပို့နေကြရပါတယ် ။
ပုံမှန်နှစ်စဉ်ဧပြီလမှာ သတင်းပို့ကြရပေမယ့် Covid ကာလကြောင့်ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ပါတယ် ။
တစ်လအတွင်းမိမိအိမ်ထောင်စုဇယားစာရင်းဝင်သည့်သက်ဆိုင်ရာ ခရိုင် / မြို့နယ်မှာရှိတဲ့နီးစပ်ရာတပ်ရင်း တပ်ဖွဲ့ရှိစစ်ရေးဌာနတွေမှာ အမျိုးသားမှန်သမျှ ( ဖြတ်ဖေါက်ချုပ်များပါမကျန် ) သွားရောက်သတင်းပို့ကြရပါတယ် ၊ ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဖုန်းကညာများကလည်း အဖုအထစ်အမို့အမောက် များပါသယ်ဆောင်သွားရပြီး သွားရောက်သတင်းပို့ကြတဲ့ ဓါတ်ပုံတွေကလည်း လူမှုကွန်ယက်တွေမှာရော ၊ ရုပ်သံသတင်းတွေမှာပါဝေဝေဆာဆာနဲ့ ဖော်ပြနေတာကို တွေ့နေရပါတယ် ။
အရွယ်ရောက်ပြီးသူတိုင်းလားဆိုတော့မဟုတ်ပါဘူး ၊ ခြွင်းချက်အနေနဲ့ သက်ကြီးရွယ်အို မိအိုဖအိုများကို ပြုစုစောင့်ရှောက်ကြွေးမွေးနေသောသားများ ၊ မသန်စွမ်းသည့်သူများ ၊ အစိုးရဝန်ထမ်းများ ၊ ကျောင်းဆရာများ ၊ ပညာသင်ကြားနေကြသူများကို ကင်းလွတ်ခွင့်ပေးကြတယ်လို့သိရပါတယ် ၊ ဒုလ္လဘရဟန်းများကတော့လာရောက်သတင်းပို့ရပါတယ် ။ ဒီနှစ်မလာနိုင်ရင် ခွင့်စာတင်ပြီးနောက်နှစ်ကိုရွှေ့ဆိုင်းနိုင်ပါသည် ၊ တစ်ချို့လည်းဂယ်ရှာ၍ ကိုယ်အင်္ဂါချို့ယွင်းချင်ယောင်ဆောင်တတ်ကြပါသည် ။
သွားရောက်သတင်းပို့ကြသူတိုင်းစစ်မှုထမ်းကြရတာမဟုတ်ဘဲ မဲနှိုက်ကြရပါတယ် ၊
တစ်ချို့မဲပုံးထဲကနေ ဗလာမဲဖြစ်တဲ့ အမဲရောင်ကိုနှိုက်မိပါခဲ့က ပျော်လွန်း၍ သင်္ကန်းဝတ်ဖြင့် ထကကြတဲ့သူတွေရှိကြသလို အနီရောင်မဲပြားကိုနှိက်မိပါက သင်္ကန်းဝတ်ကြီးဖြင့် လျှော့ခ်ဖြစ်ကာ မူးလဲသွားတဲ့ ရဟန်းပျိုတွေလည်းရှိကြပါတယ် ( ပုံပါ ) ၊ ပျော်စရာတော့ကောင်းမည်ထင်ပါမည် ၊ ဘာဘဲပြောပြော မည်သူကမှစစ်ထဲကို လိုလိုလားလားနဲ့ မဝင်လိုကြဘူးဆိုတာပေါ်လွင်လွန်းလှပါသည် ၊ အခြေခံဥပဒေအရမို့ မဖြစ်မနေလာရောက်သတင်းပို့ကြပုံပါဘဲ ။
မဲအနီပေါက်သူဟာစစ်မှုထမ်းရမှာဖြစ်ပြီး မဲကဒ်ပြားအမဲပေါက်သူကတော့ စစ်မှုထမ်းခွင့်မရှိတော့ပါဘူး ၊ မဲကဒ်ပြားအနီပေါက်သူများကို သတ်မှတ်ထားတဲ့အရပ်အမြင့် ၊ ကိုယ်အလေးချိန် ၊ ရင်အုပ်အကျယ်နှင့် ခြေလက်အင်္ဂါများစုံလင်မှု ရှိ / မရှိ ၊ ကျမ္မာရေး ( က ) အဆင့်ရှိ / မရှိစစ်ဆေးပြီး အားလုံး Clear ဖြစ်မှအခြေခံစစ်ပညာသင်တန်းကျောင်းမှာ ၃ လတာတက်ရောက်ရမှာဖြစ်ပါတယ် ။
သင်တန်းဆင်းပြီးတဲ့နောက်ပညာအရည်အချင်းနှင့်အရပ်အမောင်းကောင်းတဲ့သူတွေကို တပ်မတော်ရေနှင့်လေ ကိုထပ်မံခွဲပါတယ် ၊ သို့သော်အင်အားမှာကြည်းတပ်လောက်မများပေ ၊ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က လာရောက်သတင်းပို့သူ ၅ သိန်းရှိပေမယ့် ဇကာတင်ရွေးချယ်လိုက်တာကတော့ တပ်သားသစ်စစ်သည်အင်အား ၁၀၄၀၀၀ ဘဲရှိသည်ဟုသိရပါသည် ၊ ထိုအထဲကမှ ခြေလျင်ကြည်းတပ်တွင် အင်အား ၈၀၀၀၀ ဦး ၊ ရေတပ်တွင် ၁၆၀၀၀ ဦး ၊ ကျန်တာကတော့ လေတပ်မှာတာဝန်ထမ်းဆောင်ကြရပါတယ် ။
ဒီနေရာမှာ အနုပညာရှင်များနှင့်ငွေကြေးချမ်းသာသူများရဲ့သားသမီးတွေအတွက် မျက်လုံးစောင်းနေတာတို့ ၊ ခြေတစ်ဖက်အနည်းငယ်ခွင်နေတာတို့ ၊ အခြားရောဂါတစ်ခုခုရှိနေတာတို့အတွက် လက်သိပ်ထိုးပေးရတာမျိုးလည်းရှိတယ်လို့တပ်အသိုင်းအဝိုင်းကနေတဆင့်ကြားဖူးခဲ့ပါတယ် ။
သွားရောက်သတင်းပို့ဘို့ပျက်ကွက်ခဲ့ရင်တော့သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဝရမ်းထုတ်ကာ ဆင့်ခေါ်၍ထောင်ဒဏ် ၃ လနှင့်ငွေဒဏ်ဘတ် ၃၀၀ ချမှတ်ခံရမှာဖြစ်ပါတယ် ၊ ကျမ္မာရေးချို့ယွင်း၍သွားရောက်သတင်းမပို့နိုင်ပါက သက်ဆိုင်ရာမြို့နယ်ဆေးရုံတွေကဆေးမှတ်တမ်းထောက်ခံစာတွေပြရပါတယ် ။
မဖြစ်မနေစစ်မှုထမ်းသက် ၃ နှစ်တာဝန်ထမ်းဆောင်ပြီးပင်စင်မဲ့ထွက်ခွင့်ပြုပါတယ် ၊ ကိုယ်တွေခေတ်ကလို မပျော် ၅ နှစ် ၊ ပျော် ၅ နှစ် ဆိုတဲ့စာချုပ်ကြီးလိုပေါ့ တစ်ချို့စည်းမျဉ်းစည်းကမ်းတွေက စာရွက်ပေါ်မှာရှိပြီးအသက်မဝင်သလို ၊ တစ်ချို့စည်းမျဉ်းဥပဒေတွေဟာစာရွက်ပေါ်မှာမရှိပေမယ့် သိပ်ပြီးအသက်ဝင်နေတာတွေလည်းရှိနေပြန်ပါတယ် ။
၃ နှစ်ပြည့်လို့ မိမိသဘောဆန္ဒအရ တပ်မတော်ကနေမထွက်လိုဘဲ ဆက်လက်အမှုထမ်းလိုပါက လျှောက်လွှာတင်ပြီး တာဝန်ထမ်းဆောင်နိုင်ပါတယ် ၊ အဲ့ဒီနောက် ပညာအရည်အချင်းအရ စာမေးပွဲဖြေဆိုပြီး ရာထူးအဆင့်ဆင့်တိုးမြှင့်သွားမှာဖြစ်ပါတယ် ၊ ဥပဒေအရစစ်မှုထမ်းသက် (၃) နှစ်တာကာလမှာတော့ တပ်သားအဆင့်ဖြစ်သာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ် ။
ဤဥပဒေကိုအကောင်အထည်ဖော်ခဲ့သည်မှာ နှစ်ပေါင်း (၆၆) နှစ်ကြာခဲ့ပြီဖြစ်ကြောင်း ဗဟုသုတအဖြစ်လေ့လာရေးသားလိုက်ရပါသည် ။
crd-SiThuMaung #Myanmar_Online_News

0 comments:

Post a Comment