Tuesday, July 14, 2020

ဖားကန့်မြေစာပုံပြိုကျမှုဖြစ်စဉ်နှင့်ပတ်သက်၍ မှတ်ပုံတင်ထားခြင်းမရှိဘဲ လက်လုပ် လက်စားတူးဖော်ထုတ်လုပ်နေသူ ၁၃ဦးကို အမှုဖွင့်ထားပြီး သုံးဦး ဖမ်းဆီးထားကြောင်းသိရ

ယခုလ ဇူလိုင် ၂ရက်က ဖြစ်ခဲ့သော ဖားကန့်မြေစာပုံပြိုကျမှုဖြစ် စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူ သုံးဦးကိုဖမ်းဆီးထားပြီး ၁၀ ဦး ထွက်‌ပြေးနေသည်ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့ကပြောသည်။
‘‘ကျောက်မျက်ဥပဒေနဲ့ ငြိ စွန်းတဲ့သူတွေကို ဖမ်းထားတာ။ အခုလောလောဆယ် ၁၃ ဦး အမှု ဖွင့်ထားပြီး သုံးဦးဖမ်းမိထားပါတယ်။ ကျန်တာတွေကထွက်ပြေးနေတယ်’’ ဟု ကချင်ပြည်နယ်ရဲ တပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးကြီးဉာဏ် မြင့်ကျော်က 7Day News သ တင်းစာကို ‌ပြောသည်။
ဖားကန့်မြို့နယ် ဝှေခါကျေး ရွာရှိ ‌ဝှေခါမှော်သည် ဇူလိုင် ၂ ရက်နံနက်က ပြိုကျရာ သေဆုံးသူ ရုပ်အလောင်း ၁၇၄ လောင်း၊ ဒဏ်ရာရသူ ၅၄ ဦးတွေ့ရှိခဲ့သည်။ ပျောက်ဆုံးနေသူ အနည်းဆုံး ၂၀ ဦးကျန်ရှိနေသည်။
ဒဏ်ရာရသူများကို မေးမြန်း စစ်ဆေးပြီးနောက် ကျောက်အရောင်းအဝယ်ပြုလုပ်သူ ၁၃ ဦးကို ကျောက်မျက်ဥပဒေ ၅၀(က)ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
‘‘ဒဏ်ရာရတဲ့ကောင်လေး တွေရဲ့ထွက်ဆိုချက်အရ တရားစွဲ ဆိုတာပါ။ ဖားကန့်ရဲစခန်းအချုပ် မှာထားရှိပါတယ်’’ ဟု ဖားကန့်မြို့ နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
ဖမ်းမိထားသူသုံးဦးသည် လူလတ်ပိုင်း အရွယ်များဖြစ်‌ကြောင်းနှင့် လွတ်‌‌မြောက်နေဆဲ ၁၀ ဦးကို ဖမ်းမိရေး ဆောင်ရွက်နေသည်မှအပ အသေးစိတ်အချက်အလက်ကို ရဲတပ်ဖွဲ့က မပြောသေးပေ။
ကျောက်မျက်ဥပဒေ ၅၀ (က)တွင် မည်သူမဆို လက်လုပ် လက်စားတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းကို မှတ်ပုံတင်ထားခြင်း မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူ ကို အနည်းဆုံးတစ်နှစ်မှ အများ ဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထား သည်။
ဖားကန့် မြေစာပုံပြိုကျမှုဖြစ်စဉ်ကို စစ်ဆေးရန် ပြည်ထောင်စု ဝန်ကြီးသုံးဦးပါဝင်သော စုံစမ်း စစ်‌ဆေးရေးအဖွဲ့ကို နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးလိုက်ြွီး စုံစမ်းဖော်ထုတ်ရန်‌ ညွှန်ကြား ထားသည်။ စုံစမ်းစစ်ဆေးမှုနှင့် အရေးယူမှုအ‌ခြေအနေကို ဇူလိုင် ၁၃ ရက်ည‌နေအထိ သတင်း ထုတ်ပြန်မှုမရှိသေးပေ။
တပ်မတော်ကမူ ‌မြေစာပုံ ပြိုကျမှုဖြစ်စဉ်နှင့်ပတ်သက်၍ လုံ ခြုံရေးတာဝန်ရှိသော တပ်မှူးတစ် ဦးနှင့် ကချင်ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးကို အ ရေးယူရန် ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။
လူအများအပြား သေဆုံးစေ ခဲ့သော ‌မြေစာပုံပြိုကျသည့်ဖြစ် စဉ်အား စုံစမ်းစစ်ဆေးနေမှုတွင် ဒေသတွင်း တရားမဝင်ကျောက် အရောင်းအဝယ်ပြုလုပ်သူများ၌သာ လမ်းမဆုံးစေဘဲ စည်းကမ်းမဲ့ ကုမ္ပဏီများနှင့် ကြီးကြပ်မှုအား နည်း‌သော သတ္တုတွင်းဝန်ကြီးဌာန တာဝန်ရှိသူများကိုပါ စိစစ်အရေးယူရန် လိုအပ်သည်ဟု သယံဇာ တတူးဖော်မှုဆိုင်ရာ လေ့လာသူများက မှတ်ချက်ပြုထားသည်။
Crd : 7Day

0 comments:

Post a Comment