Sunday, July 19, 2020

ပြင်ဦးလွင်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၄ ဦးအား ဖမ်းဆီးရမိ

ပြင်ဦးလွင်မြို့နယ်၊ ရဲရွာရေအားလျှပ်စစ်စက်ရုံသွားလမ်း သံတံခါးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သံတောင်ကျေးရွာဘက်မှ ကဗျူးကျေးရွာဘက်သို့ မောင်းနှင်လာသော ESTIMA အမျိုးအစား အဖြူရောင်(လိုင်စင်မဲ့)ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ စစ်ဆေးခံခြင်းမရှိဘဲ နောက်ပြန်လှည့် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကဗျူးကျေးရွာအဝင်လမ်းဆုံတွင် ပြန်လည်ဖမ်းမိခဲ့ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် မြန်မာနိုင်ငံသား ၄ ဦးနှင့် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ကျား ၄ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိသော တရုတ်နိုင်ငံသား ၄ ဦးနှင့် တရားမဝင် ခေါ်သွင်းလာသူ ၄ ဦးတို့အား တရားဥပဒေအရ အရေးယူနိုင်ရေး ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်မှ သတင်းအရ သိရှိရသည်။

>>Zawgyi<<

0 comments:

Post a Comment