Tuesday, July 21, 2020

ရှမ်းပြည်နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၁၇၀၀၀၀ ကျော်ကို ငွေကြေးထပ်မံထောက်ပံ့နိုင်ရန် တင်ပြထား

ရှမ်းပြည်နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ အိမ်ထောင်စု ၁၇၀၀၀၀ ကျော်ကို တတိယအကြိမ် ငွေကြေး ထပ်မံထောက်ပံ့ပေးနိုင်ရန် တင်ပြထားကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
"အခု ထောက်ပံ့မှာကတော့ တတိယအကြိမ်ပေါ့။ ပထမက ရိက္ခာထောက်ပံ့တယ်။ ဒုတိယအကြိမ်က ငွေ ကြေး ၁၅၀၀၀ နှုန်း ထောက်ပံ့တယ်။ အခု ထောက်ပံ့ပေးမယ့် စာရင်းကိုတော့ သက်ဆိုင်ရာကို တင်ပြထားတယ်" ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက မဲခေါင်သတင်းဌာနသို့ ပြောသည်။
ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်များ| ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများရှိ အခြေခံလူတန်းစားများ ၏စာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကောက်ယူကာ သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြထားကြောင်း သိရသည်။
နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ရှမ်းပြည်နယ်တွင် ပထမအကြိမ် အိမ်ထောင်စု ၁၁၂၇၅၆ စုကို ရိက္ခာဖြန့်ဝေပေးခဲ့ပြီး ဒုတိယအကြိမ်တွင် ငွေကြေး ၁၅၀၀၀ ကျပ်ကို အိမ်ထောင်စု ၆၀၅၅၉ စုအား ထောက်ပံ့ပေးအပ်ခဲ့ကာ လက်ရှိတွင် တတိယအကြိမ် ထောက်ပံ့ပေးနိုင်ရန် စီစဥ်နေကြောင်း သိရသည်။
Ref ; MeKong News

0 comments:

Post a Comment