Sunday, July 19, 2020

နော်ဝေ ကားတင်သင်္ဘောနှင့် တောင်ကိုရီးယား ရေငုပ်သင်္ဘောတို့ တိုက်မိ၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်


နော်ဝေနိုင်ငံအလံလွှင့်ထူထားသည့် ကားတင်သင်္ဘော HOEGH LONDON နှင့် တောင်ကိုရီးယားရေတပ်မှ ရေငုပ်သင်္ဘောတစ်စီးတို့သည် ဇူလိုင်လ ၁၅ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ်ပိုင်းခန့်က ဘူဆန်နယ်မြေ ဂါဒီယော့ဒို ကျွန်းအနီးပင်လယ်ပြင်တွင် တိုက်မိခဲ့ကြောင်း တောင်ကိုရီးယား မီဒီယာများက ရေးသားထားချက်အရ သိရှိရသည်။
နော်ဝေ ကားတင်သင်္ဘောသည် ဘူဆန်အရှေ့ဖက် မာဆန်ဆိပ်ကမ်းမှ ထွက်ခွာမောင်းနှင်လာစဉ်တွင် ရေပေါ်သို့ တက်လာသော တောင်ကိုရီးယား ရေငုပ်သင်္ဘောနှင့်တိုက်မိခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့တိုက်မိခြင်းကြောင့် နော်ဝေကားတင်သင်္ဘောဝယ် မီတာဝက်(၁ပေခွဲခန့်) ပိန်သွားခဲ့ပြီး တောင်ကိုရီးယားရေငုပ်သင်္ဘောတွင်လည်း အသေးစားထိခိုက်မှုရှိခဲ့ကြောင်းသိရသည်။ ယင်းဖြစ်ရပ်ကြောင့် ကားတင်သင်္ဘောမှာ ခရီးစဉ်ကို ခေတ္တရပ်ဆိုင်းထားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။
crd-Popular News Journal #Myanmar_Online_News

0 comments:

Post a Comment