Saturday, July 11, 2020

အစိုးရဓမ္မာစရိယစာမေးပွဲ ဝင်ရောက်ဖြေဆိုနေသည့် သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ၂၀၂၀ ပြည့်နှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ဝင်ရောက်ဖြေဆိုနေသည့် သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား နေပြည်တော်တိုင်းစစ်ဌာနချုပ် မိသားစုက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာဗျူဟာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့် အဖွဲ့ဝင်များ၊ ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပျဉ်းမနားမြို့၊ မာရ်အောင်ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ စာသင် သံဃာတော်များအတွက် ဆွမ်းစရိတ်အလှူငွေများကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ နေပြည်တော်သာသနာရေးမှူး ဦးသန်းထွန်းအောင်က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲကို ဇူလိုင် ၁၀ ရက်မှ ၁၇ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
>>Zawgyi<<

0 comments:

Post a Comment