Friday, July 10, 2020

တောင်ကိုရီးယားမြို့တော်ဝန်ကို သေဆုံးလျက် ရှာဖွေတွေ့ရှိ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ တောင်ကုန်းကမူမှာ အခုလ ၉ ရက် နေ့လည်ပိုင်းက ပျောက်ဆုံးသွားတဲ့ မြို့တော်ဝန်ကို သေဆုံးလျက် ရှာဖွေတွေ့ရှိသွားပြီလို့ ရဲတွေက အတည်ပြုလိုက်ပါတယ်။
အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ဆိုးလ်မြို့တော်ဝန် ပတ်ခ် ဝမ်ဆွန်းဟာ နေအိမ်ကနေ ထွက်သွားပြီးနောက် ပျောက်ဆုံးနေတဲ့အကြောင်း သမီးဖြစ်သူက တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ရဲတွေရဲ့ အကြီးအကျယ်ရှာဖွေမှုတွေကြောင့် အခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပါမည်…
Ref ; One News Myanmar

0 comments:

Post a Comment