Sunday, July 26, 2020

သီတဂူဆရာတော်ဘုရားကြီးမှ မှော်ဘီမြို့တွင်တည်ထားကိုးကွယ်မည့် ရွှေစည်းခုံစေတီတော်၏ စိန်ဖူးတော်အထွဋ်တင်မင်္ဂလာသဘင်သို့ တက်ရောက် ချီးမြင့်

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၂၆-၇–၂၀၂၀ ရက်နေ့၊ နံနက်ခင်း ၇:၃၀ နာရီအချိန် ရန်ကုန်တိုင်း၊ မှော်ဘီမြို့တွင် တပည့်ကြီး ဒေါက်တာအရှင်ဩသဓသာရ (အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားမြို့၊ သီတဂူဓမ္မဝိဟာရကျောင်းတိုက် ပဓာနနာယကဆရာတော်) တည်ထောင်သည့် မဟောသဓပဏ္ဍိတကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ဉာဏ်တော်-၂၇ပေအမြင့်ရှိ ရွှေစည်းခုံစေတီတော် ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အထွဋ်တင်မင်္ဂလာသဘင်သို့ ကြွရောက်ပါသည်။
စိန်ဖူးတော်အထွဋ်တင်မင်္ဂလာ အခမ်းအနားဆင်ယင်ခြင်း အပြီးတွင် သီတဂူဆရာတော်ကြီး အမှူးရှိသော သံဃာတော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း ဆောင်ရွက်တော်မူကြပါသည်။
သီတဂူဆရာတော်ကြီးမှ ကြွရောက်လာကြသော ဧည့်ပရိသတ်များနှင့် အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား ချီးမြှင့်ဟောကြားပေးပြီးနောက် ကုသိုလ်ကောင်းမှုများကို ရေစက်သွန်းချအမျှပေးဝေကြပါသည်။
.
.
#ရုပ်သံမှတ်တမ်း (ပထမပိုင်း)
.
#ရုပ်သံမှတ်တမ်း (ဒုတိယပိုင်း)
.
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့
Posted by သီတဂူသတင်း
📸 - သီတဂူအောင်သန်းဝင်း
📸 - သီတဂူကျော်ဆန်းဝင်း
🎥 - သီတဂူထိန်လင်းဦး

0 comments:

Post a Comment