Saturday, July 25, 2020

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှ တရားမဝင် ဝင်ရောက်လာသူ သားအမိနှစ်ဦးကို ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှ တရားမဝင် ဝင်ရောက်လာသူနှစ်ဦးကို ဇူလိုင်၂၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ အာခေါင်တို့ဖတ်နမူနာကို မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ရရှိသည့်ဆေးစစ်ဆေးချက်ပေါ်မူတည်ကာ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အိန္ဒိယနိုင်ငံ မိုးရေးမြို့မှတမူးမြို့သို့တရားမဝင် ဝင်ရောက်လာကြောင်း သတင်းရရှိသည့်အတွက် တမူးမြို့အထွက် ၄ မိုင်စစ်ဆေးရေးဂိတ် တမူး-ကလေး ကားလမ်းမပေါ်တွင် ပူးပေါင်းအဖွဲ့မှစစ်ဆေးစဉ် တမူးမြို့မှကလေးမြို့ဘက်သို့ ရွှေစကား မော်တော်ယာဉ်ဖြင့် စီးနှင်းလိုက်ပါလာသည့် ဒေါ်ခင်ချိုရီ(ခ)ဒေါ်စန်းညွှန့်ရီနှင့်သားဖြစ်သူ မောင်ထက်ရှိုင်းဦး(ခ)မောင်ကျော်ထက်အောင် သမန္တာကျေးရွာ၊မုံရွာမြို့နယ် နေသူတို့ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနှစ်ဦးကို စစ်ဆေးရာတွင် ဒေါ်ခင်ချိုရီ သည်လွန်ခဲ့သော ခုနှစ်လခန့်က တမူးမြို့ မစိန်ဘုန်းတော်ကြီးကျောင်း အနောက်ဘက်တောလမ်းမှတဆင့် တရားမဝင်သွားရောက်ကာ အိန္ဒိယနိုင်ငံ မိုးရေးမြို့၊လမ်ကားကျေးရွာရှိ ယက္ကန်းအလုပ်ရုံတွင် အလုပ်လုပ်ခဲ့ကြောင်း ထိုသို့လုပ်ကိုင်နေစဉ် သားဖြစ်သူ မောင်ထက်ရှိုင်းဦး မှလွန်ခဲ့သော နှစ်လခန့်က ချင်းပြည်နယ် တွန်းဇံမြို့နယ်မှတဆင့်တရားမဝင် ဝင်ရောက်ပြီး လမ်ကားကျေးရွာတွင်အတူတူအလုပ် လုပ်ကိုင်ခဲ့ကာ ဇူလိုင်၂၂ ရက်တွင် တမူးမြို့သို့ တရားမဝင် ဝင်/ထွက်ပေါက်မှတဆင့်ပြန်လည်ခိုးဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါနှစ်ဦးကို ကိုဗစ်-၁၉ ရောဂါ ပိုးရှိ၊ မရှိစစ်ဆေးနိုင်ရန် တမူးမြို့ပြည်သူဆေးရုံတွင် သီးခြားထားရှိကြောင်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှ တရားမဝင် ဝင်ရောက်လာသူ သားအမိ နှစ်ဦးကို ဖမ်းဆီးရမိ
Saturday, July 25, 2020
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှ တရားမဝင် ဝင်ရောက်လာသူနှစ်ဦးကို ဇူလိုင်၂၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ အာခေါင်တို့ဖတ်နမူနာကို မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ရရှိသည့် ဆေးစစ်ဆေးချက်ပေါ်မူတည်ကာ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အိန္ဒိယနိုင်ငံ မိုးရေးမြို့မှတမူးမြို့သို့တရားမဝင် ဝင်ရောက်လာကြောင်း သတင်းရရှိသည့်အတွက် တမူးမြို့အထွက် ၄ မိုင်စစ်ဆေးရေးဂိတ် တမူး-ကလေး ကားလမ်းမပေါ်တွင် ပူးပေါင်းအဖွဲ့မှစစ်ဆေးစဉ် တမူးမြို့မှကလေးမြို့ဘက်သို့ ရွှေစကား မော်တော်ယာဉ်ဖြင့် စီးနှင်းလိုက်ပါလာသည့် ဒေါ်ခင်ချိုရီ(ခ)ဒေါ်စန်းညွှန့်ရီနှင့်သားဖြစ်သူ မောင်ထက်ရှိုင်းဦး(ခ)မောင်ကျော်ထက်အောင် သမန္တာကျေးရွာ၊မုံရွာမြို့နယ် နေသူတို့ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနှစ်ဦးကို စစ်ဆေးရာတွင် ဒေါ်ခင်ချိုရီ သည်လွန်ခဲ့သော ခုနှစ်လခန့်က တမူးမြို့ မစိန်ဘုန်းတော်ကြီးကျောင်း အနောက်ဘက်တောလမ်းမှတဆင့် တရားမဝင်သွားရောက်ကာ အိန္ဒိယနိုင်ငံ မိုးရေးမြို့၊လမ်ကားကျေးရွာရှိ ယက္ကန်းအလုပ်ရုံတွင် အလုပ်လုပ်ခဲ့ကြောင်း ထိုသို့လုပ်ကိုင်နေစဉ် သားဖြစ်သူ မောင်ထက်ရှိုင်းဦး မှလွန်ခဲ့သော နှစ်လခန့်က ချင်းပြည်နယ် တွန်းဇံမြို့နယ်မှတဆင့်တရားမဝင် ဝင်ရောက်ပြီး လမ်ကားကျေးရွာတွင်အတူတူအလုပ် လုပ်ကိုင်ခဲ့ကာ ဇူလိုင်၂၂ ရက်တွင် တမူးမြို့သို့ တရားမဝင် ဝင်/ထွက်ပေါက်မှတဆင့်ပြန်လည်ခိုးဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါနှစ်ဦးကို ကိုဗစ်-၁၉ ရောဂါ ပိုးရှိ၊ မရှိစစ်ဆေးနိုင်ရန် တမူးမြို့ပြည်သူဆေးရုံတွင် သီးခြားထားရှိကြောင်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News

0 comments:

Post a Comment