Wednesday, July 15, 2020

မြို့အဝင်/အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများ ရုပ်သိမ်း

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များရှိ မြို့အဝင်/အထွက်ဂိတ်များတွင် ကျန်း မာရေးစစ်ဆေးဆောင်ရွက်မှုများကို ရုပ်သိမ်းလိုက်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည် ဖွံ့ဖြိုး တိုး တက်စေရေးနှင့်ခရီးသွားများ ဘေးကင်း လုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက် ရှိသည်။
ယခုအခါ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏အစည်းအဝေး ဆုံးဖြတ် ချက်အရ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး (သို့) ပြည်နယ်များရှိ မြို့ အဝင်/အထွက် ဂိတ်များတွင် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်မှုများအား ရုပ်သိမ်းသွားရန် လမ်းညွှန်ထားရှိကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref ; The Ladies News

0 comments:

Post a Comment