Sunday, July 26, 2020

အမေရိကန်ဦးဆောင်သောညွန့်ပေါင်းတပ်ဖွဲ့မှ အီရတ်တွင် စစ်အခြေစိုက်စခန်း ပြန်လည်လွှဲပြောင်းပေးအပ်

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့အရှေ့တောင်ဘက်ရှိ Basmaya စစ်အခြေစိုက်စခန်းကို အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေက အီရတ်လုံခြုံရေးတပ်ဖွဲ့တွေထံ တရားဝင်ပြန်လည်လွှဲပြောင်းပေးတဲ့ အခမ်းအနား အခုလ(၂၅)ရက်နေ့က ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။
ဒါဟာ အခုနှစ်ထဲမှာ အီရတ်တပ်ဖွဲ့တွေထံ စစ်အခြေစိုက်စခန်းတွေပြန်လည်လွှဲပြောင်းပေးတဲ့ ခုနှစ်ခုမြောက်လည်းဖြစ်ပါတယ်။
Basmaya စစ်အခြေစိုက်စခန်းမှာ အဓိကအနေနဲ့ စပိန်တပ်ဖွဲ့တွေကဦးဆောင်လှုပ်ရှားနေတာဖြစ်ပြီး၊ အီရတ်စစ်သား အယောက်ငါးသောင်းလောက်ကို လေ့ကျင့်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။
မဟာမိတ်ညွန့်ပေါင်းတပ်ဖွဲ့တွေဟာ အီရတ်နိုင်င်ငံတလွှား စစ်အခြေစိုက်စခန်းတွေကနေ တဖြည်းဖြည်းပြန်လည်ဆုတ်ခွာနကွေပွီဆိုပမေဲ့ အီရတျတပျဖှဲ့တှကေို လကွေောငျးထောကျပံ့မှုနဲ့ ထောကျလှမျးရေးသတငျးတှကေိုတော့ ဆက်လက်ကူညီပေးသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ အရေအတွက်အကန့်အသတ်နဲ့ တပ်ဆုတ်ခွာမှုတွေဟာ ဆက်လက်ရှိနေမှာဖြစ်တာကြောင့် အီရတ်တပ်ဖွဲ့တွေကို သင်ကြားလေ့ကျင့်ပေးတာတွေကတော့ သိသိသာသာလျော့ကျသွားမှာဖြစ်ပါတယ်။
source : AP
Crd : OneNewsMyanmar

0 comments:

Post a Comment