Saturday, July 18, 2020

တရုတ်-ပါကစ္စတန်နှစ်နိုင်ငံသည် ရခိုင်ပြည်နယ်ရှိ သောင်းကျန်းသူအဖွဲ့ ၂ ဖွဲ့အား လက်နက်များထောက်ပံ့မှုတွင် ပတ်သက်ဆက်နွယ်မှုရှိကြောင်း မြန်မာနိုင်ငံမှ ဖော်ထုတ်ခဲ့

ကုလားတန်ဘက်စုံစီမံကိန်းအပါအဝင် အိန္ဒိယနိုင်ငံ၏ ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားရန်အတွက် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ သောင်းကျန်းသူအဖွဲ့ ၂ ဖွဲ့အား လက်နက်များ ထောက်ပံ့မည်ဆိုသော တရုတ်-ပါကစ္စတန် သဘောတူညီချက်ကို မြန်မာနိုင်ငံမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု ယူဆရပါသည်။ ၎င်းအဖွဲ့များသည် မြန်မာနိုင်ငံ တွင်သာမက ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်တွင်လည်း အကြမ်းဖက်မှုများလုပ်ဆောင် ခဲ့သည်ဆိုသော စွပ်စွဲမှုများရှိပါသည်။
ဇွန်လနှောင်းပိုင်းတွင် ထိုင်းနိုင်ငံလုံခြုံရေးအရာရှိများမှ မြန်မာနိုင်ငံ၊ ကရင် ပြည်နယ်ရှိ မြဝတီနယ်စပ်တစ်လျှောက်မှ မဲဆောက်မြို့တွင် လက်နက်များ တင်ပို့နေမှု ကို ကြားဖြတ်ဖမ်းဆီးခဲ့ပါသည်။ ၎င်းတို့သည် တရုတ်နိုင်ငံထုတ် လက်နက်အမျိုးအစား အသစ်များအား သိမ်းဆည်းခဲ့ပြီး ထိုင်းနိုင်ငံသား နှစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း The Economic Times သတင်းဌာနမှ သိရှိရပါသည်။
ထိုင်းနိုင်ငံ အာဏာပိုင်များအနေဖြင့် လက်နက်တင်ပို့မှုနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများအရ နောက်ထပ်ဖမ်းဆီးမှုများပြုလုပ်ခဲ့ပါသည်။ သိမ်းဆည်းရမိသည့် လက်နက်များသည် ဘင်္ဂလားဒေ့ရှ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ် အတွက်ဖြစ်ကြောင်း The Economic Times သတင်းဌာနသို့ ပြောကြားသည့် ပုဂ္ဂိုလ်များ၏ ပြောကြားချက်အရ သိရှိရပါသည်။
ရခိုင်ပြည်နယ်ရှိ AA သောင်းကျန်းသူအဖွဲ့သည် သိမ်းဆည်းရမိသော လက်နက် များနှင့်ပတ်သက်၍ အမိန့်များထုတ်ပြန်ခဲ့သည်ဟု အထက်တွင်ဖော်ပြခဲ့သည့် ပုဂ္ဂိုလ် တစ်ဦးမှ ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် AA အား သောင်းကျန်းအဖွဲ့အစည်း အဖြစ် သတ်မှတ်ထားပါသည်။
ကုလားတန်ဘက်စုံစီမံကိန်းသည် ရခိုင်ပြည်နယ်ကို ဖြတ်သန်းလုပ်ဆောင်နေပြီး AA သောင်းကျန်းသူအဖွဲ့အနေဖြင့် ဒေသအတွက် ပြောင်းလဲပေးနိုင်သည့် စီမံကိန်းကို ပစ်မှတ်ထားလျက်ရှိပါသည်။ ကုလားတန်စီမံကိန်းသည် ရခိုင်ပြည်နယ်ရှိ စစ်တွေ ဆိပ်ကမ်းနှင့် Kolkata မြို့ကို ပင်လယ်ရေကြောင်းဖြင့် ဆက်သွယ်ထားပါသည်။
မဲဆောက်တွင်သိမ်းဆည်းရမိသည့်လက်နက်များ ဝယ်ယူမှုတွင် ထိုင်းနိုင်ငံသား နှစ်ဦးအပြင် ပါကစ္စတန်နိုင်ငံသားများလည်း ပါဝင်ခဲ့ပါသည်။ အဆိုပါအမျိုးသားများသည် ထိုင်းနိုင်ငံသို့ မပြောင်းရွှေ့မီ ကမ္ဘောဒီးယားနိုင်ငံတွင် နေထိုင်ခဲ့ကြပြီး ဒေသအတွင်းရှိ ကြီးမားသော ကွန်ယက်များနှင့် အကြမ်းဖက်မှုဆက်သွယ်ရေးလမ်းကြောင်းများသို့ ဝင်ရောက်လာကြောင်း The Irrawaddy သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရ ပါသည်။ ထိုင်းနိုင်ငံလုံခြုံရေးဌာနအနေဖြင့် မဲဆောက်တွင်နေထိုင်လျက်ရှိသော ပါကစ္စတန်လူမျိုးများ၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိပါသည်။
AA နှင့် ARSA အကြား သိသာထင်ရှားသော ကွာခြားချက်များရှိနေပြီး ARSA အဖွဲ့သည် ပြည်ပအကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲခံထားရကြောင်း The Irrawaddy သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။ ကရာချီမြို့တွင် အခြေပြုသည့် ဘင်္ဂါလီလူမျိုး ပါကစ္စတန်နွယ်ဖွားတစ်ဦးဖြစ်သည့် Abdus Qadoos Burmi သည် မြန်မာနိုင်ငံတွင် ဘာသာရေးစစ်ပွဲဖြစ်စေခဲ့ပြီး ပါကစ္စတန်နိုင်ငံတွင် စစ်ဆင်ရေးလုပ်ငန်းများလုပ်ကိုင်သည့် တောင်အာရှ၏ အကြီးဆုံး အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Lashkar-e-Taiba(LeT) နှင့် အဆက်အသွယ် များရှိကြောင်း အထောက်အထားများရှိပါသည်။
Abdus Qadoos Burmi သည် ပါကစ္စတန်နိုင်ငံတွင် Lashkar-e-Taiba(LeT) ၏ ခေါင်းဆောင် Hafiz Mohammed Syed နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ARSA သည် အရှေ့အာရှရှိကျယ်ပြန့်သော အစ္စလာမ်မစ် အကြမ်းဖက်ကွန်ယက်များထံမှ ပေးကမ်းမှုများနှင့် လေ့ကျင့်သင်ကြားမှုများ လက်ခံခဲ့ကြောင်း The Irrawaddy သတင်း ဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။ ၎င်း၏ ခေါင်းဆောင် Attah Ullah သည် ပါကစ္စတန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံတွင် ကြီးပြင်းလာခဲ့ပါသည်။
ARSA အဖွဲ့သည် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ လူနည်းစုများအပေါ် ပစ်မှတ် ထားခဲ့ပြီး လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းတွင် ရခိုင်ပြည်နယ်ရှိ စစ်အခြေစိုက်စခန်း နှင့် ရဲစခန်း ၃၀ ကျော်အား တိုက်ခိုက်ခဲ့ရာ ARSA သောင်းကျန်းသူများနှင့် လုံခြုံရေး တပ်ဖွဲ့ အများအပြား သေဆုံးခဲ့ရကြောင်း မြန်မာအာဏာပိုင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။
မြန်မာ့တပ်မတော်မှ ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးဆောင်ရွက်မှုများ တိုးမြှင့် လာသည်နှင့်အမျှ ARSA အဖွဲ့သည် လက်နက်များပိုမိုဝယ်ယူရန် ကြိုးပမ်းလျက်ရှိ ပါသည်။ ထိုင်းနှင့်မြန်မာအာဏာပိုင်များအနေဖြင့် လက်နက်မှောင်ခိုရောင်းဝယ်မှုများ ကိုနှိမ်နင်းရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Ref;The Economic Times
>>zawgyi<<
တရုတ်-ပါကစ္စတန်နှစ်နိုင်ငံသည် ရခိုင်ပြည်နယ်ရှိ သောင်းကျန်းသူအဖွဲ့ ၂ ဖွဲ့အား လက်နက်များထောက်ပံ့မှုတွင် ပတ်သက်ဆက်နွယ်မှုရှိကြောင်း မြန်မာနိုင်ငံမှ ဖော်ထုတ်ခဲ့
Saturaday, July 18, 2020
ကုလားတန်ဘက်စုံစီမံကိန်းအပါအဝင် အိန္ဒိယနိုင်ငံ၏ ပိုင်ဆိုင်မှုများကို ပစ်မှတ် ထားရန်အတွက် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ သောင်းကျန်းသူ အဖွဲ့ ၂ ဖွဲ့အား လက်နက်များ ထောက်ပံ့မည်ဆိုသော တရုတ်-ပါကစ္စတန် သဘောတူညီချက်ကို မြန်မာနိုင်ငံမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု ယူဆရပါသည်။ ၎င်းအဖွဲ့များသည် မြန်မာနိုင်ငံ တွင်သာမက ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်တွင်လည်း အကြမ်းဖက်မှုများလုပ်ဆောင် ခဲ့သည်ဆိုသော စွပ်စွဲမှုများရှိပါသည်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ပတ်သက်ဆက်နွယ်မှုများကို ဖော်ထုတ်ခဲ့ပါသည်။ ထိုင်းအာဏာပိုင် များမှ စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မြန်မာ နိုင်ငံ၏ လုံခြုံရေးအဖွဲ့အစည်းအား မျှဝေပေးခဲ့ကြောင်း The Economic Times သတင်း ဌာနမှ သိရှိရပါသည်။ နိုင်ငံအတွင်းရှိ သောင်းကျန်းသူများအား လက်နက်ဖြည့်တင်း ပေးမှုတွင် တရုတ်နိုင်ငံမှ ပါဝင်ပတ်သက်နေခြင်းအပေါ် ပြည်သူများမှ စိုးရိမ်မှုများ ရှိလာခဲ့ပြီးနောက် မြန်မာ့တပ်မတော်၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးမှ ဖွင့်ဟပြောကြားမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
ဇွန်လနှောင်းပိုင်းတွင် ထိုင်းနိုင်ငံလုံခြုံရေးအရာရှိများမှ မြန်မာနိုင်ငံ၊ ကရင် ပြည်နယ်ရှိ မြဝတီနယ်စပ်တစ်လျှောက်မှ မဲဆောက်မြို့တွင် လက်နက်များ တင်ပို့နေမှု ကို ကြားဖြတ်ဖမ်းဆီးခဲ့ပါသည်။ ၎င်းတို့သည် တရုတ်နိုင်ငံထုတ် လက်နက်အမျိုးအစား အသစ်များအား သိမ်းဆည်းခဲ့ပြီး ထိုင်းနိုင်ငံသား နှစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း The Economic Times သတင်းဌာနမှ သိရှိရပါသည်။
ထိုင်းနိုင်ငံ အာဏာပိုင်များအနေဖြင့် လက်နက်တင်ပို့မှုနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများအရ နောက်ထပ်ဖမ်းဆီးမှုများပြုလုပ်ခဲ့ပါသည်။ သိမ်းဆည်းရမိသည့် လက်နက်များသည် ဘင်္ဂလားဒေ့ရှ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ် အတွက်ဖြစ်ကြောင်း The Economic Times သတင်းဌာနသို့ ပြောကြားသည့် ပုဂ္ဂိုလ်များ၏ ပြောကြားချက်အရ သိရှိရပါသည်။
ရခိုင်ပြည်နယ်ရှိ AA သောင်းကျန်းသူအဖွဲ့သည် သိမ်းဆည်းရမိသော လက်နက် များနှင့်ပတ်သက်၍ အမိန့်များထုတ်ပြန်ခဲ့သည်ဟု အထက်တွင်ဖော်ပြခဲ့သည့် ပုဂ္ဂိုလ် တစ်ဦးမှ ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် AA အား သောင်းကျန်းအဖွဲ့အစည်း အဖြစ် သတ်မှတ်ထားပါသည်။
ကုလားတန်ဘက်စုံစီမံကိန်းသည် ရခိုင်ပြည်နယ်ကို ဖြတ်သန်းလုပ်ဆောင်နေပြီး AA သောင်းကျန်းသူအဖွဲ့အနေဖြင့် ဒေသအတွက် ပြောင်းလဲပေးနိုင်သည့် စီမံကိန်းကို ပစ်မှတ်ထားလျက်ရှိပါသည်။ ကုလားတန်စီမံကိန်းသည် ရခိုင်ပြည်နယ်ရှိ စစ်တွေ ဆိပ်ကမ်းနှင့် Kolkata မြို့ကို ပင်လယ်ရေကြောင်းဖြင့် ဆက်သွယ်ထားပါသည်။
မဲဆောက်တွင်သိမ်းဆည်းရမိသည့်လက်နက်များ ဝယ်ယူမှုတွင် ထိုင်းနိုင်ငံသား နှစ်ဦးအပြင် ပါကစ္စတန်နိုင်ငံသားများလည်း ပါဝင်ခဲ့ပါသည်။ အဆိုပါအမျိုးသားများသည် ထိုင်းနိုင်ငံသို့ မပြောင်းရွှေ့မီ ကမ္ဘောဒီးယားနိုင်ငံတွင် နေထိုင်ခဲ့ကြပြီး ဒေသအတွင်းရှိ ကြီးမားသော ကွန်ယက်များနှင့် အကြမ်းဖက်မှုဆက်သွယ်ရေးလမ်းကြောင်းများသို့ ဝင်ရောက်လာကြောင်း The Irrawaddy သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရ ပါသည်။ ထိုင်းနိုင်ငံလုံခြုံရေးဌာနအနေဖြင့် မဲဆောက်တွင်နေထိုင်လျက်ရှိသော ပါကစ္စတန်လူမျိုးများ၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိပါသည်။
AA နှင့် ARSA အကြား သိသာထင်ရှားသော ကွာခြားချက်များရှိနေပြီး ARSA အဖွဲ့သည် ပြည်ပအကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲခံထားရကြောင်း The Irrawaddy သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။ ကရာချီမြို့တွင် အခြေပြုသည့် ဘင်္ဂါလီလူမျိုး ပါကစ္စတန်နွယ်ဖွားတစ်ဦးဖြစ်သည့် Abdus Qadoos Burmi သည် မြန်မာနိုင်ငံတွင် ဘာသာရေးစစ်ပွဲဖြစ်စေခဲ့ပြီး ပါကစ္စတန်နိုင်ငံတွင် စစ်ဆင်ရေးလုပ်ငန်းများလုပ်ကိုင်သည့် တောင်အာရှ၏ အကြီးဆုံး အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Lashkar-e-Taiba(LeT) နှင့် အဆက်အသွယ် များရှိကြောင်း အထောက်အထားများရှိပါသည်။
Abdus Qadoos Burmi သည် ပါကစ္စတန်နိုင်ငံတွင် Lashkar-e-Taiba(LeT) ၏ ခေါင်းဆောင် Hafiz Mohammed Syed နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ARSA သည် အရှေ့အာရှရှိကျယ်ပြန့်သော အစ္စလာမ်မစ် အကြမ်းဖက်ကွန်ယက်များထံမှ ပေးကမ်းမှုများနှင့် လေ့ကျင့်သင်ကြားမှုများ လက်ခံခဲ့ကြောင်း The Irrawaddy သတင်း ဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။ ၎င်း၏ ခေါင်းဆောင် Attah Ullah သည် ပါကစ္စတန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံတွင် ကြီးပြင်းလာခဲ့ပါသည်။
ARSA အဖွဲ့သည် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ လူနည်းစုများအပေါ် ပစ်မှတ် ထားခဲ့ပြီး လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းတွင် ရခိုင်ပြည်နယ်ရှိ စစ်အခြေစိုက်စခန်း နှင့် ရဲစခန်း ၃၀ ကျော်အား တိုက်ခိုက်ခဲ့ရာ ARSA သောင်းကျန်းသူများနှင့် လုံခြုံရေး တပ်ဖွဲ့ အများအပြား သေဆုံးခဲ့ရကြောင်း မြန်မာအာဏာပိုင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။
မြန်မာ့တပ်မတော်မှ ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးဆောင်ရွက်မှုများ တိုးမြှင့် လာသည်နှင့်အမျှ ARSA အဖွဲ့သည် လက်နက်များပိုမိုဝယ်ယူရန် ကြိုးပမ်းလျက်ရှိ ပါသည်။ ထိုင်းနှင့်မြန်မာအာဏာပိုင်များအနေဖြင့် လက်နက်မှောင်ခိုရောင်းဝယ်မှုများ ကိုနှိမ်နင်းရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Ref;The Economic Times

0 comments:

Post a Comment