Monday, July 27, 2020

ဧရာဝတီမြစ်ရေမြင့်တက်လာ၍ စစ်ကိုင်းမြို့ အိုးဘိုရပ်ကွက် အုတ်ကျင်းလုပ်သားအိမ်များ ရေဝင်နစ်မြုပ်နေသောကြောင့် ရေလွတ်ရာသို့ ရွှေ့ပြောင်း

ယနေ့ ဇူလိုင် ၂၇ နံနက်ပိုင်းတွင် ဧရာ၀တီမြစ်ရေမြင့်တက်လာမှုကြောင့် စစ်ကိုင်းမြို့၊အိုးဘိုရပ်ကွက် အောက်ပိုင်း အုတ်ကျင်းလုပ်သားအိမ်‌များ‌ ရေ၀င်နစ်မြုပ်နေ၍ စစ်ကိုင်းခရိုင် မီးသတ်ဦးစီးမှုး ဦးကျော်ကျော်နိူင် ဦးဆောင်သော စစ်ကိုင်းခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့၊အရန်မီးသတ် ၊ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း S.E.R.T တို့မှ ရေဘေးသင့်အိမ်ထောင်စုများအားရေလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရှိရသည်။

Source - ဇေယျာတိုင်းမ်

0 comments:

Post a Comment