Monday, July 13, 2020

တရက်တည်း ကိုဗစ်-၁၉ လူနာ ၁၆၈၁ ဦး တွေ့ရှိခဲ့၍ စုစုပေါင်းလူနာ ၇၅,၀၀၀ ကျော်လာတဲ့ အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံမှာ ဇူလိုင် ၁၂ ရက် တစ်ရက်တည်း ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာ ၁၆၈၁ ဦး တွေ့ခဲ့ပြီး သေဆုံးသူ ၇၁ ဦးရှိလာတဲ့အတွက် တပြည်လုံး အတည်ပြုလူနာ စုစုပေါင်းဟာ ၇၅,၀၀၀ ကျော်ပြီလို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ဆိုပါတယ်။
စုစုပေါင်း သေဆုံးသူ စာရင်းအရလည်း တရုတ်ပြည်ပြင်ပ အရှေ့အာရှမှာ သေဆုံးသူ ၃,၆၀၆ ဦးနဲ့ သေဆုံးမှု အမြင့်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။
အင်ဒိုနီးရှားမှာ ကိုဗစ်-၁၉ ‌ရောဂါ ပျံ့နှံ့ခဲ့တာ မတ် ၂ ရက်နေ့ကတည်းကဖြစ်ပြီး ဇူလိုင် ၁၂ ရက်နေ့မှာတော့ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အတည်ပြုလူနာ ခုနှစ်သောင်းခွဲနဲ့ ကူးစက်ခံ အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။
လူဦးရေ ၂၇၃ သန်းရှိတဲ့ အင်ဒိုနီးရှားဟာ ဖိလစ်ပိုင်နဲ့ စင်ကာပူကို ကျော်ပြီး၊ ဇူလိုင် ၁၂ ရက်နေ့က အရှေ့တောင်အာရှမှာ အတည်ပြုလူနာ အများဆုံးနိုင်ငံ ဖြစ်လာတာပါ။
>>Zawgyi<<

0 comments:

Post a Comment