Tuesday, July 7, 2020

အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ လက်နက်ကုန်သွယ်ရေး သဘောတူစာချုပ်တွင် ပါဝင်ခဲ့သည့်အတွက် တရုတ်နိုင်ငံမှ ပြစ်တင်ဝေဖန်လျက်ရှိ

ဇူလိုင်လ ၆ ရက်နေ့တွင် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ ငြင်းပယ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ လက်နက်ကုန်သွယ်ရေးသဘောတူညီချက်တွင် ပါဝင်ခဲ့ပြီး အမေရိကန်အစိုးရသည် ကြီးနိုင်ငယ်ညှဉ်း ပြုလုပ်မှု၊ တစ်ဖက်သတ်ဆန်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို တိုက်ဖျက်ရာတွင် ကြိုးပမ်းဆောင်ရွက်မှုမရှိကြောင်း ပြစ်တင် ဝေဖန်ခဲ့သည်။
တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ် Zhang Jun မှ ၎င်းသည် အမေရိကန် ဒေါ်လာ ၇၀ ဘီလီယံ သတ်မှတ်ထားသည့် သမားရိုးကျ လက်နက်ကုန်သွယ်မှုစာချုပ် တွင် တရုတ်နိုင်ငံအား ထပ်မံထည့်သွင်းခဲ့ပြီး လူ့အခွင့်အရေး အလွဲသုံးစားပြုသူများ ထံမှ လက်နက်များကို တားမြစ်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသည် ၎င်း၏ အစီအစဉ်များနှင့်ပတ်သက်၍ စက်တင်ဘာက ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံမှ အတည်ပြု ထားသည့် သဘောတူညီချက်၏ ၁၀၇ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါသည်။ အမေရိကန်သမ္မတ Barack Obama မှ ၎င်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ သော်လည်း National Rifle Association မှ ကန့်ကွက်ခဲ့ပြီး အမေရိကန်အထက် လွှတ်တော်အနေဖြင့် မည်သည့်အခါမျှ လက်မှတ်ရေးထိုးမည်မဟုတ်ပါ။
၂၀၁၉ ခုနှစ်၊ ဧပြီလတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ ၎င်းသဘော တူညီချက်တွင် အမေရိကန်နိုင်ငံမှ လက်မှတ်ရေးထိုးထားခြင်းကို ပြန်လည်ရုတ်သိမ်း လိုကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် အမေရိကန်နိုင်ငံမှ ဝါရှင်တန် အနေဖြင့် သဘောတူညီချက်စာချုပ်၏ အဖွဲ့ဝင်ဖြစ်ရန် ရည်ရွယ်ချက်မရှိကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres အား ပြောကြားခဲ့ ပါသည်။
တရုတ်နှင့် အမေရိကန်နိုင်ငံကြား တင်းမာမှုများ မြင့်တက်နေသည့်အချိန်တွင် Zhang Jun မှ အမေရိကန်နိုင်ငံအား အမည်တပ်ပြောကြားခြင်းမရှိသော်လည်း “နိုင်ငံ တစ်နိုင်ငံသည် နိုင်ငံတကာကတိကဝတ်များမှ ထွက်ခွာသွားပြီး တစ်ဖတ်သတ်ဆန်မှု နှင့် ကြီးနိုင်ငယ်ညှဉ်းလုပ်ရပ်များကို လုပ်ဆောင်နေကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
၎င်းသည် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ ဟန်ချက်ညီမှုနှင့် တည်ငြိမ်မှုအပေါ် မရေရာမသေချာမှုများ ဖြစ်ပေါ်စေပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရန် နိုင်ငံအားလုံး၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထိခိုက်စေကြောင်း Zhang Jun မှ ပြောကြားခဲ့ပါသည်။ ထို့ပြင် အဓိကအင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံတကာ အမိန့်၊ တရားဥပဒေစိုးမိုးရေးနှင့် ကုလသမဂ္ဂနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ အခန်း ကဏ္ဍကို ကာကွယ်ရန်အတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ၎င်းမှ ထပ်မံပြောကြားခဲ့ပါသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်အနေဖြင့် Zhang ၏ ပြောကြားချက်များနှင့် ပတ်သက်၍ မှတ်ချက်ပြုပြောကြားပေးရန် တောင်းဆိုမှုအပေါ် တုံ့ပြန်ဖြေကြားခဲ့ခြင်း မရှိပါ။
တရုတ်နိုင်ငံအနေဖြင့် လက်နက်မည်မျှ တင်ပို့ခဲ့သည်ဆိုသော အချက်အလက် များကို ဖော်ပြခဲ့ခြင်းမရှိသော်လည်း တရုတ်နိုင်ငံသည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ကြားတွင် ၅ နိုင်ငံမြောက် ကမ္ဘာ့အကြီးဆုံး လက်နက်တင်ပို့သူဖြစ်ခဲ့ကြောင်း Stockholm International Peace Research Institute ၏ ပြောကြားချက်အရ သိရှိရသည်။
source-Channel News Asia #Myanmar_Online_News
>>Zawgyi<<
အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ လက်နက်ကုန်သွယ်ရေး သဘောတူစာချုပ်တွင် ပါဝင်ခဲ့သည့်အတွက် တရုတ်နိုင်ငံမှ ပြစ်တင်ဝေဖန်လျက်ရှိ
Tuesday, July 7, 2020
ဇူလိုင်လ ၆ ရက်နေ့တွင် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ ငြင်းပယ် ထားသည့် ကမ္ဘာလုံးဆိုင်ရာ လက်နက်ကုန်သွယ်ရေးသဘောတူညီချက်တွင် ပါဝင်ခဲ့ပြီး အမေရိကန်အစိုးရသည် ကြီးနိုင်ငယ်ညှဉ်း ပြုလုပ်မှု၊ တစ်ဖက်သတ်ဆန်မှုနှင့် ကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုများကို တိုက်ဖျက်ရာတွင် ကြိုးပမ်းဆောင်ရွက်မှုမရှိကြောင်း ပြစ်တင် ဝေဖန်ခဲ့သည်။
တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ် Zhang Jun မှ ၎င်းသည် အမေရိကန် ဒေါ်လာ ၇၀ ဘီလီယံ သတ်မှတ်ထားသည့် သမားရိုးကျ လက်နက်ကုန်သွယ်မှုစာချုပ် တွင် တရုတ်နိုင်ငံအား ထပ်မံထည့်သွင်းခဲ့ပြီး လူ့အခွင့်အရေး အလွဲသုံးစားပြုသူများ ထံမှ လက်နက်များကို တားမြစ်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသည် ၎င်း၏ အစီအစဉ်များနှင့်ပတ်သက်၍ စက်တင်ဘာက ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံမှ အတည်ပြု ထားသည့် သဘောတူညီချက်၏ ၁၀၇ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါသည်။ အမေရိကန်သမ္မတ Barack Obama မှ ၎င်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ သော်လည်း National Rifle Association မှ ကန့်ကွက်ခဲ့ပြီး အမေရိကန်အထက် လွှတ်တော်အနေဖြင့် မည်သည့်အခါမျှ လက်မှတ်ရေးထိုးမည်မဟုတ်ပါ။
၂၀၁၉ ခုနှစ်၊ ဧပြီလတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ ၎င်းသဘော တူညီချက်တွင် အမေရိကန်နိုင်ငံမှ လက်မှတ်ရေးထိုးထားခြင်းကို ပြန်လည်ရုတ်သိမ်း လိုကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် အမေရိကန်နိုင်ငံမှ ဝါရှင်တန် အနေဖြင့် သဘောတူညီချက်စာချုပ်၏ အဖွဲ့ဝင်ဖြစ်ရန် ရည်ရွယ်ချက်မရှိကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres အား ပြောကြားခဲ့ ပါသည်။
တရုတ်နှင့် အမေရိကန်နိုင်ငံကြား တင်းမာမှုများ မြင့်တက်နေသည့်အချိန်တွင် Zhang Jun မှ အမေရိကန်နိုင်ငံအား အမည်တပ်ပြောကြားခြင်းမရှိသော်လည်း “နိုင်ငံ တစ်နိုင်ငံသည် နိုင်ငံတကာကတိကဝတ်များမှ ထွက်ခွာသွားပြီး တစ်ဖတ်သတ်ဆန်မှု နှင့် ကြီးနိုင်ငယ်ညှဉ်းလုပ်ရပ်များကို လုပ်ဆောင်နေကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
၎င်းသည် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ ဟန်ချက်ညီမှုနှင့် တည်ငြိမ်မှုအပေါ် မရေရာမသေချာမှုများ ဖြစ်ပေါ်စေပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရန် နိုင်ငံအားလုံး၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထိခိုက်စေကြောင်း Zhang Jun မှ ပြောကြားခဲ့ပါသည်။ ထို့ပြင် အဓိကအင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံတကာ အမိန့်၊ တရားဥပဒေစိုးမိုးရေးနှင့် ကုလသမဂ္ဂနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ အခန်း ကဏ္ဍကို ကာကွယ်ရန်အတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ၎င်းမှ ထပ်မံပြောကြားခဲ့ပါသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်အနေဖြင့် Zhang ၏ ပြောကြားချက်များနှင့် ပတ်သက်၍ မှတ်ချက်ပြုပြောကြားပေးရန် တောင်းဆိုမှုအပေါ် တုံ့ပြန်ဖြေကြားခဲ့ခြင်း မရှိပါ။
တရုတ်နိုင်ငံအနေဖြင့် လက်နက်မည်မျှ တင်ပို့ခဲ့သည်ဆိုသော အချက်အလက် များကို ဖော်ပြခဲ့ခြင်းမရှိသော်လည်း တရုတ်နိုင်ငံသည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ကြားတွင် ၅ နိုင်ငံမြောက် ကမ္ဘာ့အကြီးဆုံး လက်နက်တင်ပို့သူဖြစ်ခဲ့ကြောင်း Stockholm International Peace Research Institute ၏ ပြောကြားချက်အရ သိရှိရသည်။
source-Channel News Asia #Myanmar_Online_News

0 comments:

Post a Comment