Tuesday, July 14, 2020

အရက်၊ ဝိုင်နှင့်စီးကရက်များတွင် ကောက်ခံသော အထူးကုန်စည်ခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံတော့မည်ဖြစ်

စီးကရက်၊ အရက်နှင့် ဝိုင်များအပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှုန်းထားများကို တိုးမြှင့်ကောက်ခံမည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောသည်။
၂၀၂၀ ပြည်ထောင်စု၏အ ခွန်အကောက်ဥပဒေမူကြမ်းနှင့် ပတ်သက်၍ အထက်ပါဒုတိယ ဝန်ကြီးက ပြည်ထောင်စုလွှတ် တော်သို့ ဇူလိုင် ၁၃ ရက်တွင် ရှင်းလင်းတင်ပြစဉ် ယင်းသို့ထည့် သွင်းပြောကြားခြင်းဖြစ်သည်။
‘‘ပထမဦးစွာ အထူးကုန် စည်ခွန်နှုန်းထားများ တိုးမြှင့်ခြင်း နှင့်စပ်လျဉ်း၍ တင်ပြလိုပါတယ်။ နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒ များနှင့်ကိုက်ညီစေရန် အထူးကုန် စည်အဖြစ် သတ်မှတ်ထားသော ဥပဒေကြမ်း၏ အပိုဒ် ၁၁ ပါ စီး ကရက်၊ အရက်နှင့် ဝိုင်များအပေါ် မှာ ကောက်ခံတဲ့ အထူးကုန်စည် ခွန်နှုန်းထားများကို ယခင်နှစ်များ ကဲ့သို့ပင် ငွေကြေးဖောင်းပွမှုနှုန်း အပေါ်အခြေခံ၍ တိုးမြှင့်သတ် မှတ်ထားပါတယ်။ ထို့အတူ ဆေး ပေါ့လိပ်အပေါ်မှာ ကောက်ခံတဲ့ အထူးကုန်စည်ခွန်နှုန်းထားများ ကိုလည်း တိုးမြှင့်သတ်မှတ်ထား ပါတယ်။ နိုင်ငံတော်၏ ကျန်း မာရေးမူဝါဒများနှင့်လည်း ကိုက် ညီမှုရှိပါတယ်’’ ဟု ဦးမောင်မောင် ဝင်းက လွှတ်တော်သို့ပြောသည်။
အထက်ပါဥပဒေမူကြမ်း၌ စီးကရက်၊ အရက်နှင့် ဝိုင်များအ ပေါ် ယခင်နှစ်ထက်အခွန်နှုန်းထား တိုးမြှင့်ထားခြင်းဖြစ်ပြီး အလွှာအ လိုက်တိုးမြှင့်ထားသည်ကိုတွေ့ ရကြောင်း ပြည်ထောင်စုလွှတ် တော် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီဒုတိယဥက္ကဋ္ဌ(၁) ဦး အောင်မင်းက ရှင်းပြသည်။
ထို့အပြင် ၂၀၁၉ ပြည် ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၂၅ တွင် စည်းကြပ်မှု မှလွတ်ကင်းနေသောဝင်ငွေများ အပေါ် ကောက်ခံသည့် ဝင်ငွေခွန် နှုန်းထားကို လျှော့ချသတ်မှတ် ထားခြင်းကို ယခုနှစ်ပြည်ထောင် စု၏ အခွန်အကောက်ဥပဒေကြမ်း တွင် ပယ်ဖျက်ထားကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
‘‘ထိုစဉ်က ဝင်ငွေခွန်နှုန်း ထား လျှော့ချပေးခြင်းသည် နိုင် ငံတော်၏ လက်ရှိစီးပွားရေးအ ခြေအနေကို ပိုမိုတိုးတက်ကောင်း မွန်လာစေရေးအတွက် ပြည်သူ အများလက်ဝယ်ရှိ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေများ ပြန်လည်ပေါ်ထွက်လာစေရန်နှင့် ပြည်ပတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် နိုင်ငံသားများ၏ ဝင်ငွေများ ပြန်လည်ဝင်ရောက် လာစေရန်ရည်ရွယ်၍ ပြဋ္ဌာန်း သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်’’ ဟု ၎င်းက ရှင်းလင်းသည်။
သို့သော် ယခုနှစ်တွင် သက် သာသော စည်းကြပ်မှုမှလွတ် ကင်းနေသော ဝင်ငွေအတွက် အခွန်နှုန်းထားများကို ပယ်ဖျက်၍ မူလအခွန်နှုန်းထားအတိုင်း ထား ရှိခြင်းဖြစ်ကြောင်းနှင့် ဝင်ငွေခွန် ဥပဒေအသစ်ကို ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေသဖြင့် ယင်းဥပဒေ ပြဋ္ဌာန်းပြီးချိန်တွင် စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေသည် ပျောက်ကွယ်သွားမည်ဖြစ်ကြောင်းဦးမောင်မောင်ဝင်းက ဆိုသည်။
စည်းကြပ်မှုမှလွတ်ကင်းနေ သော ဝင်ငွေအတွက် အခွန်နှုန်း ထားသည် ၃၀ ရာခိုင်နှုန်း ကောက်ခံခြင်းဖြစ်ပြီး ၂၀၁၄ မှ စတင်ကာ လျှော့ပေါ့ပေးခဲ့ပြီး ယမန်နှစ်က နောက်ဆုံးနှစ်အဖြစ် လျှော့ချပေးခဲ့ခြင်းဖြစ်ကြောင်း ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ရှင်းပြသည်။
Crd : 7Day

0 comments:

Post a Comment