Sunday, July 12, 2020

စစ်ကိုင်းတောင်ဆွမ်းဦးပုညရှင်စေတီတော်မြတ်ယာယီပိတ်ထားခဲ့ရာမှပြန်လည်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီးရှိစစ်ကိုင်းတောင်ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးအားယာယီပိတ်ထားခဲ့ရာမှပြန်လည်ဖွင့်လှစ်ပေးပြီဖြစ်ကြောင်း ဆွမ်းဦးပုညရှင်ဂေါပကအဖွဲ့ဥက္ကဌဦးစိုးဝင်းကပြောသည်။
ကိုဗစ်၁၉ကာကွယ်ထိန်းချုပ်ရေးအရ မတ်လ ၂၈ ရက်ကစတင်ပိတ်ထားခဲ့ရာမှဇူလိုင်လ၁၂ရက် ယနေ့နံနက် ၅နာရီမှစတင်ကာည၉နာရီအထိနေ့စဉ်ပုံမှန်အချိန်အတိုင်းပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်၍ ဘုရားဖူးများ လာရောက်ဖူးနိုင်ပြီးဖြစ်ကြောင်းသိရသည်။
"ဘုရားဖူးခွင့်ကိုဒီနေ့မနက်ကပဲစတင်ဖွင့်လှစ်ပေးလိုက်တာပါ၊အရင်းလိုပါပဲအချိန်က မနက်ငါးနာရီကနေညကိုးနာရီထိပါ၊"ဟု၎င်းကဆိုသည်။
ယင်းသို့အများပြည်သူဘုရားဖူးခွင့်ပြန်လည်ရရှိမှုမှာတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဒေသန္တရညွှန့်ကြားချက်များအရနှင့်ဆွမ်းဦးပုညရှင်သြဝါဒဆရာတော်များအားလျှောက်ထားပြီကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန် ကြားချက်များနှင့်အညီဂေါပကအဖွဲ့မှစေတီတော်မြတ်ကြီးအားယခုကဲ့သို့ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
Ref ; Pyi Myanmar

0 comments:

Post a Comment