Monday, July 6, 2020

ရွှေပြည်သာရှိ စက်ရုံတစ်ခုတွင် အလုပ်သမား ၆၀၀ ကျော်အား လစာ ရှင်းမပေးဘဲ အလုပ်ရှင် ထွက်ပြေးသွား

ရွှေပြည်သာစက်မှုဇုန်(၁)မှ ABLE GLAD MYANMAR စက်ရုံရှိ အလုပ်သမား ၆၆၉ ယောက်အားလစာမရှင်းပေးဘဲ လုပ်ငန်းရှင် ထွက်ပြေးသွားကြောင်း အဆိုပါစက်ရုံ ဝန်ထမ်းများထံမှ သိရပါသည်။
“ လုပ်ငန်ရှင် ထွက်ပြေးထားတာတော့ အတည်ပြုထားတယ်။ မြေကလည်း ဌားရမ်း ထားတာပါ။ ကုမ္ပဏီတစ်ခုကလည်း အကြွေးသိန်းတစ်ရာ နီးပါးလောက် ရစရာရှိတယ်ဆိုပြီး လာတောင်းတယ်၊ ချည်လုံးကုမ္ပဏီကလည်း အကြွေးသိန်းတစ်ရာနီးပါးလောက်ရစရာရှိတယ်ပြောတယ်။
ဆီကုမ္ပဏီကလည်း ရစရာရှိတယ် ပြောတယ်။ ဖယ်ရီကားကလည်း ရစရာရှိတယ် ပြောတယ်။ အလုပ်သမားတွေအတွက် လုပ်ခလစာကတော့ ဒီနေ့တော့ မရနိုင်တော့ဘူး။ တနင်္လာနေ့တော့ သေချာတယ် ပြောတယ်”ဟု STUM မှစည်းရုံးရေးမှူ ကိုဇင်ဝေအောင်က ပြောပါတယ်။
အဆိုပါ စက်ရုံတွင် အခြားစက်ရုံကြီးများမှ အထည်အလိပ် အပ်ထည်များရှိသဖြင့် အဆိုပါအထည်များ အပ်ထားသည့် သူဌေးသုံးဦးမှ ပေါင်း၍ လစာပေးချေမည်ဟု သိရပြီး လုပ်ငန်းရှင် တစ်ဦးမှလည်း စက်ရုံလွှဲပြောင်းရယူကာ လုပ်ငန်းပုံမှန် လည်ပါတ်သွားရန်လည်းစီစဉ်နေကြောင်း ၎င်းက ပြောပါတယ်။
“ လုပ်ငန်းရှင်ကတော့ ထွက်ပြေးသွားတယ်။ အခု သူဌေးချိန်းပြီး တနင်္လာနေ့ လစာရမယ် အလုပ်လဲ ပြန်လုပ်ရမယ်ပြောတယ်။ ကျွန်တော်တို့ အလုပ်သမားတွေက တိုင်းအစိုးရနဲ့ ညှိနှိုင်းထားတယ် ဒါပေမဲ့ အထည်ချုပ် ပိုင်ရှင်တွေ အဖွဲ့အစည်းရှိတယ်လေ။ အဲ့ဒီကနေ သူဌေးတစ်ဦးက တာဝန်ယူပြီးတော့ လစာတွေ ရှင်းပေးပြီး အလုပ် ပြန်လည်ပတ်စေမယ်လို့ ပြောတယ်။
အဲဒါကြောင့် တနင်္လာနေ့ထိ စောင့်ကြည့်နေရတာ ကျွန်တော်တို့ က ဘာမှလုပ်လို့ မရတော့ဘူး။ စက်ရုံကို အကြွေးတွေ ဘာတွေလာတောင်းတာတော့ အကိုတို့ မသိဘူး။ အကိုတို့က ဝန်ထမ်းဆိုတော့ အလုပ်ရှိရင် လုပ်မယ် ပိတ်ရင် လျော်ကြေးတောင်းမယ်။ မရရင်တိုင်းကို တက်တိုင်မယ် ဒါဘဲရှိတယ်” ဟု ABLE GLAD MYANMAR စက်ရုံမှ အော်ပရေတာ လုပ်ကိုင်နေသူ ကိုစိုင်းနိုင်လင်းအောင်က ဆိုပါတယ်။
အဆိုပါ စက်ရုံသည် အလုပ်သမား ၆၆၉ ယောက်ရှိပြီး အခြားစက် ရုံကြီးများမှ အထည်အပ်ထည်များအား တစ်ဆင့်ပြန်ယူ၍ ချုပ်သည့် စက်ရုံ တစ်ရုံဖြစ်ကြောင်း သိရပါတယ်။
Ref ; Update News Myanmar

0 comments:

Post a Comment