Thursday, July 16, 2020

ယာဉ်မောင်းသူများအတွက် ဓါးထောက် လုယက်ခံရမှုတွေကို ကာကွယ်နိုင်မည့် ကာဗာများဈေးကွက်အတွင်း ဝင်ရောက်လာ

တက္ကစီယာဉ်မောင်းသူများအပေါ် မသမာသူများရန်မှအကာကွယ်ပေးနိုင်သည့် ကာဗာများ စျေးကွက်အတွင်း ဝင်ရောက် နေပြီဖြစ်ကြောင်း ကားအပိုပစ္စည်းဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
"တက္ကစီယာဉ်မောင်းတွေကို မသမာသူတွေက နောက်ကနေ ဓါးထောက် လုယက်ခံရမှုတွေမဖြစ်ရအောင် အကာအကွယ်ပေးတဲ့ ကာဗာတွေ ဝင်လာနေပါပြီ၊ E-girl Taxi Driver Cover ဆိုပြီး ခေါ်ပါတယ်" ဟု သံသုမာ လမ်းရှိ Shwe Hein Car Accessories & Spa ဆိုင်မှ ကိုရဲမြင့်က ပြောသည်။
အဆိုပါ တက္ကစီဒရိုင်ဘာ ကာဗာများမှာ ယိုးဒယားနိုင်ငံလုပ်ဖြစ်ပြီး ဇူလိုင်လဆန်းပိုင်းကစတင်၍ ဈေးကွက် အ တွင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။
ယင်း E-girl အမှတ်တံဆိပ်Taxi Driver Cover များမှာ ကားအမျိုးအစားပေါ်မူတည်၍ နှစ်သောင်းခွဲ ကျပ် မှ နှစ်သောင်းရှစ်ထောင်ကျပ်ထိ အမျိုးအစားအပေါ်မူတည်၍ စျေးသတ်မှတ်ထားကြောင်းလည်း သိရ သည်။
"ဒီလို ကာဗာပေးနိုင်တဲ့ ပစ္စည်းတွေ ဝင်လာတာကောင်းပါတယ်။ ကျနော်ဆို ကားပါကင်ထိုးနေတုန်း နောက်ခန်းထဲ ရုတ်တရက်ဝင်လာပြီး လည်ပင်းညှစ်ခံလိုက်ရတာလေ။ အဲ့ဒီအချိန်ကဒီလို ကာဗာ တပ်ထားမိရင်တော့ ဒီလိုအဖြစ်မျိုး မကြုံရနိုင်ဘူးပေါ့။ အခုတော့ ကျနော့်ကားမှာလည်း ကာဗာ တပ်ထားပြီးပါပြီ" ဟု မကြာသေးမီက ၃၉ လမ်းထိပ်တွင် ကားလုယူမောင်းပြေးခံလိုက်ရသော ကိုဆန်းမိုးကျော်က ပြောကြားခဲ့သည်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<
ယာဉ်မောင်းသူများအတွက် ဓါးထောက် လုယက်ခံရမှုတွေကို ကာကွယ်နိုင်မည့် ကာဗာများဈေးကွက်အတွင်း ဝင်ရောက်လာ
Thursday, July 16, 2020
တက္ကစီယာဉ်မောင်းသူများအပေါ် မသမာသူများရန်မှအကာကွယ်ပေးနိုင်သည့် ကာဗာများ စျေးကွက် အတွင်း ဝင်ရောက် နေပြီဖြစ်ကြောင်း ကားအပိုပစ္စည်းဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
"တက္ကစီယာဉ်မောင်းတွေကို မသမာသူတွေက နောက်ကနေ ဓါးထောက် လုယက်ခံရမှုတွေမဖြစ်ရအောင် အကာအကွယ်ပေးတဲ့ ကာဗာတွေ ဝင်လာနေပါပြီ၊ E-girl Taxi Driver Cover ဆိုပြီး ခေါ်ပါတယ်" ဟု သံသုမာ လမ်းရှိ Shwe Hein Car Accessories & Spa ဆိုင်မှ ကိုရဲမြင့်က ပြောသည်။
အဆိုပါ တက္ကစီဒရိုင်ဘာ ကာဗာများမှာ ယိုးဒယားနိုင်ငံလုပ်ဖြစ်ပြီး ဇူလိုင်လဆန်းပိုင်းကစတင်၍ ဈေးကွက် အ တွင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။
ယင်း E-girl အမှတ်တံဆိပ်Taxi Driver Cover များမှာ ကားအမျိုးအစားပေါ်မူတည်၍ နှစ်သောင်းခွဲကျပ်မှ နှစ်သောင်းရှစ်ထောင်ကျပ်ထိ အမျိုးအစားအပေါ်မူတည်၍ စျေးသတ်မှတ်ထားကြောင်းလည်း သိရ သည်။
"ဒီလို ကာဗာပေးနိုင်တဲ့ ပစ္စည်းတွေ ဝင်လာတာကောင်းပါတယ်။ ကျနော်ဆို ကားပါကင်ထိုးနေတုန်း နောက်ခန်းထဲ ရုတ်တရက်ဝင်လာပြီး လည်ပင်းညှစ်ခံလိုက်ရတာလေ။ အဲ့ဒီအချိန်ကဒီလို ကာဗာတပ်ထားမိရင်တော့ ဒီလိုအဖြစ်မျိုး မကြုံရနိုင်ဘူးပေါ့။ အခုတော့ ကျနော့်ကားမှာလည်း ကာဗာတပ်ထားပြီးပါပြီ"ဟု မကြာသေးမီက ၃၉ လမ်းထိပ်တွင် ကားလုယူမောင်းပြေးခံလိုက်ရသော ကိုဆန်းမိုးကျော်က ပြောကြားခဲ့သည်။
crd-Pyi Myanmar #Myanmar_Online_News

0 comments:

Post a Comment