Sunday, July 26, 2020

နေရပ်ပြန်မြန်မာသင်္ဘောသားများကို ကော့သောင်းမြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် MV-STAVANGER ပင်လယ်ကူးသင်္ဘောမှ Sign off ထွက်လာသည့် နေရပ်ပြန်မြန်မာသင်္ဘောသားမျာ ၁၈ ဦးသည် ယမန်နေ့ ညနေပိုင်းက ကော့သောင်းမြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာရာ ကော့သောင်းမြို့တွင် Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
သင်္ဘောပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသားများ ၁၈ ဦးသည် ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသော သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးအောင်ဆန်းညွန့်ပါ မြန်မာသင်္ဘောသားမျာ ၁၈ ဦးဖြင့် တာဝန်လွှဲပြောင်းယူခဲ့သူများ ဖြစ်သည်။
အဆိုပါသင်္ဘောသည် SEA WIND MARITIME SERVICES CO.,Ltd မှ ကုန်စည်ပို့ဆောင်သည့် သင်္ဘောဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် ကော့သောင်းမြို့နယ် ရေပြင်ပိုင်နက်အနီးသို့ ယမန်နေ့ မွန်းလွဲပိုင်းက ရောက်ရှိလာခြင်းဖြစ်သည်။ သင်္ဘောပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသားများ ၁၈ ဦးအား ဆိပ်ကမ်း၌ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၂၁)ရက်ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment