Monday, July 20, 2020

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့တွင် ပျံ့နှံ့နေသည့် တရားမဝင် တရုတ်ဘီယာများအား စိစစ်အရေးယူ သွားမည်

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တရုတ်ပြည်နယ်စပ်ဂိတ်များမှတဆင့် မှောင်ခိုသယ်ဆောင်၍ ရောင်းချနေသည့် တိရစ္ဆာန်ရုပ်ပုံမျိုးစုံပုံပါ ဘီယာများကို နယ်စပ်ဂိတ်များနှင့် ရပ်ကွက်အိမ်ဆိုင်များပါမကျန် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
ယင်းဘီယာများသည် တရုတ်နိုင်ငံဘက်မှ မှောင်ခိုဝင်ရောက်ပြီး ဘူးများပေါ် တွင် ဆင်၊ ခြင်္သေ့၊ နဂါး တိရစ္ဆာန်ရုပ်ပုံ တံဆိပ် အမျိုးမျိုးပါရှိ၍ ဘီယာတဘူး ငွေကျပ် ၅ဝဝ ဖြင့် ရောင်းချလျက်ရှိကာ တောင်ကြီးမြို့နှင့် အနီးတဝိုက် မြို့နယ်များဖြစ်သည့် ကလော၊ အောင်ပန်း၊ ညောင် ရပ်စောက်၊ ဟိုပုံး၊ ဖယ်ခုံ၊ လွိုင်ကော် မြို့နယ်များအထိ ပျံ့နှံ့နေကြောင်း ယင်းဒေသတွင်း နေထိုင်သူများထံမှ သိရသည်။
တရုတ်ပြည်မှလာသည့် တရားမဝင် ဘီယာများသည် မည်သို့ချက်လုပ်ထားသည်ကို မသိရှိခြင်း၊ မည်သည့် ကုန်ကြမ်း ပစ္စည်းများကို အသုံးပြုထားကြောင်း မသိနိုင်ခြင်းကြောင့် ရေရှည်တွင် ကျန်းမာရေးအရ ဆိုးကျိုးများဖြစ်ပေါ်လာနိုင်မည်ကို သတိပြုရန်လိုကြောင်း စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးဦးဆွေ တင့်ကြူးက ပြောသည်။
''ဒီဘီယာတွေသောက်သုံးရင် ကျန်းမာရေးထိခိုက်မှုရှိ၊ မရှိထက် မှောင်ခိုပစ္စည်းဖြစ်တဲ့အတွက် မသောက်သင့် ဘူးပေါ့။ ဒါကို ကျွန်တော်တို့ တရားမဝင် ကုန်သွယ်ရေးတားဆီးမှုကော်မတီပူးပေါင်းအဖွဲ့တွေနဲ့ စိစစ်နေကြတယ်''ဟု ၎င်းက ပြောသည်။ တရားမဝင် ဘီယာများကို ယမကာအရောင်းဆိုင်များ၊ စျေးဆိုင်များနှင့် အိမ်ဆိုင်များတွင် ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက ယစ်မျိုးဥပဒေအရ အရေးယူနိုင်ကြောင်း သိရသည်။
လက်ရှိ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဆင်နှင့်နဂါးတံဆိပ် ဘီယာများသာမက အခြားအမည်မျိုးစုံနှင့် တရုတ်ဘီယာအမျိုးအစား ၂ဝ ခန့် ဝင်ရောက်နေသည်မှာ တနှစ်ကျော်ခန့်ရှိပြီ ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
crd-News Watch #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment