Friday, July 24, 2020

ယခုနှစ်အတွက် နိုဘယ်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပတော့မည်မဟုတ်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ မြို့တော်ခန်းမတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော နိုဘယ်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယခုနှစ်အတွက် ကျင်းပတော့မည်မဟုတ်ကြောင်း သိရသည်။
အခမ်းအနားကျင်းပခြင်းမပြုသော်လည်း နိုဘယ်ဆုရရှိသူများကိုမူ ပုံမှန်အတိုင်းပင် အောက်တိုဘာလတွင် ကြေညာသွားမည်ဖြစ်ကြောင်း နိုဘယ်ဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ လားစ်ဟေကန်စတန်က ပြောကြားသည်။
"ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ နိုဘယ်ဆုချီးမြှင့်ပွဲ ညစာစားပွဲနဲ့ အခမ်းအနားကို ကျင်းပတော့မှာမဟုတ်ပါဘူး။ ဆုရရှိသူတွေကိုတော့ ပုံမှန်အတိုင်းပဲကြေညာသွားမှာပါ။ အခမ်းအနားမကျင်းပဖြစ်ပေမယ့် ဖျောဖြေပွဲကိုတော့ ပရိသတ်မပါရှိပဲ စတော့ဟုမ်းမြို့တော်ခန်းမမှာ ပြုလုပ်မှာပါ"ဟု သူကပြော သည်။
ကပ်ရောဂါအခြေအနေအရ လူစုလူဝေးမလုပ်သင့်ခြင်းကတစ်ကြောင်း၊ ဆုရရှိသူများအနေဖြင့် ဆွီဒင်နိုင်ငံသို့ လာနိုင်ရန်မှာ မသေချာသည်ကတစ်ကြောင်းတို့ကြောင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မကျင်းပရတော့ခြင်းဖြစ်ကြောင်းကိုလည်း လားစ်ဟေကန်စတန်ကပြောသည်။
ဆုချီးမြှင့်ခြင်းမှာလည်း ယခင်ချီးမြှင့်နေကျအတိုင်းဖြစ်နိုင်တော့မည် မဟုတ်ကြောင်းကိုလည်း သူကဖြည့် စွက်ပြောကြားသည်။
Ref ; Popular

0 comments:

Post a Comment