Saturday, July 11, 2020

တောင်ကိုရီးယားနိုင်ငံ ပထမဦးဆုံးအမျိုးသမီး သမ္မတဟောင်းပက်ဂွမ်ဟေးကို ထောင်ဒဏ်နှစ်၂၀ စီရင်ချက်ချမှတ်

သမ္မတဟောင်းပက်ဂွမ်ဟေးကို တောင်ကိုရီးယားတရားရုံးက နှစ် ၃၀ ထောင်ဒဏ်ချ ထားရာကနေ ၁၀နှစ် လျှော့ချလိုက်ပြီး ထောင်ဒဏ်နှစ် ၂၀ လို့ ဇူလိုင်လ ၁၀ ရက်မှာ စီရင်ချက်ချခဲ့တယ်လို့ သိရပါတယ်။
ပက်ဂွမ်ဟေးဟာ ၂၀၁၃ခုနှစ်ကနေ စတင်ပြီး တောင်ကိုရီးယားရဲ့ပထမဦးဆုံးအမျိုးသမီးသမ္မတ အဖြစ်တာ ဝန်ထမ်းဆောင် ခဲ့သူဖြစ်ပြီး၂၀၁၇ခုနှစ်မှာ သူ့ကိုဆန့်ကျင်တဲ့လမ်းပေါ်ဆန္ဒပြမှုတွေရှိလာခဲ့ပြီးတော့ ဖြုတ်ချ ဖမ်းဆီးခံလိုက်ရတာလည်းဖြစ်ပါတယ်။
လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှုတွေအတွက် ပက်ဂွမ်ဟေးက စုစုပေါင်း ထောင်ဒဏ် နှစ်၃၀ ချမှတ်ခံထားရတာဖြစ်ပြီး အယူခံဝင်ခဲ့တာမှာ ဆိုးလ်တရားရုံးတော်က ပက်ဂွမ်ဟေးကို လာဘ်ပေး လာဘ် ယူမှုအတွက် ထောင်ဒဏ် ၁၅နှစ်နဲ့ အခြားစွဲချက်တွေအတွက် ထောင်ဒဏ် ၅နှစ်၊ စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တာဖြစ်ပါတယ်။
ထောင်ဒဏ် နှစ် ၂၀ အပြင် ပက်ဂွမ်ဟေးကို ဝမ် ၂၁ဒသမ၅ဘီလျံ (၁၇၉၀၇၄၆၆ ဒေါ်လာ) ဒဏ်ကြေး ချမှတ်လိုက်တယ်လို့လည်း သိရပါတယ်။ ပက်ဂွမ်ဟေးက သမ္မတတစ်ဦးအနေနဲ့ လုပ်ဆောင်ချက်တွေ မမှန်ခဲ့ပေမယ့် တရားမဝင်ရယူထားခဲ့တဲ့ရန်ပုံငွေတွေကို သူရဲ့ကိုယ်ရေးကိုယ်တာအကျိုးအတွက် သုံးစွဲထား ခဲ့ခြင်းမရှိခဲ့ဘူးလို့ တရားရုံးက ဆိုပါတယ်။
ရွေးကောက်ပွဲဆိုင်ရာဥပဒေချိုးဖောက်မှုအတွက် ထောင်ဒဏ်နှစ်နှစ်ကိုလည်း ချမှတ်ခံထားရတဲ့အတွက် ပက်ဂွမ်ဟေးက ထောင်ဒဏ် ၂၂နှစ် ကျသွားခဲ့တာဖြစ်ပြီး သူ့အသက် ၈၀ကျော်မှ ထောင်ကပြန်လွတ်လာ တော့မှာဖြစ်ပါတယ်။

Crd : PyiMyanmar

0 comments:

Post a Comment